အခန်း ( ၅ ) - မောင်နဲ့လည်ပတ်ခဲ့သော ပွဲစျေးည

490 53 61
                                    

{ Unicode Version }

" မောင် မြန်မြန်၊ အစ်မတို့လာတော့မယ် ''

" အင်းပါ ဝေးရ၊ မောင်လည်း အဆင်သင့်ဖြစ်ပါပြီ ''

ပိုင်စေ ဝေးကို ပြောရင်း ကြယ်သီးတပ်ကာ အင်္ကျီအား သပ်သပ်ရပ်ရပ်ဝတ်ကာ အပြီးသတ်လိုက်၏။

ဝေးရှေ့တွင်ရပ်နေသည့် ရှပ်လက်ရှည်လေးအား တံတောင်ဆစ်ထိ လက်ခေါက်နေသော ပိုင်စေသည် ဝေးရဲ့ပဲ့ကိုင်ရှင်၊ အားကိုးမှီခိုရာ။

ဝေးရဲ့စိတ်ဝိညာဥ်၊ အာရုံ၊ စွဲလမ်းမှုအစဥ်အား မြတ်နိုးတန်ဖိုးထားစွာဖွဲ့နှောင်ထားသည့် တစ်ဦးတည်းသော ထိုအမျိုးသားလေးအား ကြည့်ရင်း ဝေး ရင်ထဲကြည်နူးသွားရမြဲ။

" ဝေးလေး တို့ရေ၊ ထွက်ခဲ့တော့လေ၊ အစ်မတို့ရောက်​နေပြီ ''

ခြံရှေ့ဆီမှ မမျိုးရဲ့အသံစာစာကြောင့် ဝေး ပိုင်စေ့အား မော့ကြည့်လိုက်၏။

ပိုင်စေသည် ဝေးအား လက်ကမ်းပေးလိုက်တော့ ဝေးရဲ့လက်လေးဟာ ပိုင်စေ့ရဲ့လက်ကို လာရောက်ရစ်ပတ်လာတော့ နှစ်ဦးသားတစ်ဦးလက်တစ်ဦး ဆုပ်ကိုင်လိုက်သည်။

ခြံတံခါးရှေ့တွင် ရပ်နေသော မမျိုးတို့ ဇနီးမောင်နှံသည်လည်း တစ်ဦးကိုတစ်ဦးလက်တွဲလျက်။

ကံကောင်းသည်ဟုဆိုရ​ပေမည်။ ဒီတစ်ခေါက် ရပ်ကွက်ဘုရားပွဲလနှင့် မမျိုးရဲ့ အမျိုးသား ကိုဇော်ပြန်လာသည့်အခေါက်နှင့်ဆုံ၏။

ထို့ကြောင့် မမျိုးနှင့်ကိုဇော်တို့ကတစ်တွဲ၊ ပိုင်စေနှင့်ဝေးတို့ကတစ်တွဲ ပွဲစျေးလျှောက်ရန် တိုင်ပင်ထားကြခြင်းဖြစ်သည်။

အခု ည၇နာရီခန့်ရှိပြီဖြစ်ရာ ရပ်ကွက်ဘုရားပွဲ ညစျေးတန်းလေးမှာလည်း မီးရောင်စုံလင်စွာနှင့် လှပလျက် စည်ကားသိုက်မြိုက်နေ​​လေပြီ။

မမျိုးပခုံးကိုဖက်ကာ လမ်းလျှောက်နေသည့် ကိုဇော်တို့ဘေးတွင် ပိုင်စေသည် ဝေး၏လက်အားတွဲထားကာ အတူယှဥ်တွဲလျှောက်လာကြသည်။

တစ်နှစ်တစ်ခါ ဆင်နွှဲနေကျဖြစ်သည့် ကိုဇော်နှင့်မမျိုးတို့အတွက် ဤပွဲစျေးတန်းဆိုတာ သိပ်မထူးဆန်းပေမယ့် ဝေး အတွက်တော့ အတွေ့အကြုံအသစ်တစ်ခုပင်။

လက်တွဲဖော် ( My Dear )Where stories live. Discover now