အခန်း ( ၆ ) - အမှတ်တမဲ့ရင်းနှီးခဲ့ရပါသော သူစိမ်း

394 52 24
                                    

{ Unicode Version }

( ဤအပိုင်းသည် လက်ရှိကာလသို့ရောက်လာပြီး အပိုင်း (၁) ၏အဆက်ဖြစ်သည်။ နောက်ကြောင်းပြန်ခြင်းသည် အပိုင်း (၅) တွင် အဆုံးသတ်ပြီးဖြစ်၏။ )

ပိုင်စေသည် လုပ်ငန်းသုံးလွယ်အိတ်အနက်လေးအားလွယ်ထားပြီး ဝေးလက်ကို ဆုပ်ကိုင်ထား၏။

ဝေး သည်လည်း  ပိုင်စေနှင့်အတူ ထမင်းချိုင့်ကို တစ်ဖက်ကကိုင်လျက် အိမ်ပေါ်ဆီမှဆင်းလာခဲ့​​ကြသည်။

ခြံတံခါးကို အဆင်သင့်ဖွင့်ထားကာ ဝေးသည် ပိုင်စေ့အားစောင့်နေတော့ ပိုင်စေလည်း ဆိုင်ကယ်စက်အမြန်နှိုးကာ ခြံရှေ့ထိမောင်းထွက်လိုက်သည်။

ခြံတံခါးပြန်ပိတ်ခဲ့ပြီးနောက် ဝေး ဆိုင်ကယ်ပေါ်အသာအယာခွတက်လိုက်ပြီး ပိုင်စေ့ခါးလေးကိုဖက်ထားလိုက်၏။

" ရလား ဝေး၊ မောင်းတော့မယ်နော် ''

" အင်း ''

ပိုင်စေ ဆိုင်ကယ်ကိုလီဗာနင်းကာ မမျိုးတို့အိမ်ဘက်သို့ မောင်းထွက်လာခဲ့၏။

မမျိုးက ကလေးမွေးဖွားပြီးသွားပြီဖြစ်ရာ ဝေးက ကြည့်ချင်သဖြင့် ပိုင်စေသည် အလုပ်သွားရင်း ဝေးအား မမျိုးတို့အိမ်သို့ ဝင်ပို့ခဲ့ရန်ဖြစ်သည်။

သိပ်မမောင်းလိုက်ရ။

မမျိုးတို့အိမ်ရှေ့အရောက်တွင်တော့ ဝေးသည် ဆိုင်ကယ်ပေါ်မှဆင်းကာ ပိုင်စေ့အား ထမင်းချိုင့်ပေးလိုက်သည်။

" ဂရုစိုက်သွားနော် မောင် ''

" ဟုတ်၊ ဝေးလည်း လျှောက်မသွားဘဲ အိမ်ကိုတန်းပြန်နော် ''

" ဟုတ်...၊တာ့တာ ''

ဆိုင်ကယ်မောင်းကာထွက်သွားသော ပိုင်စေ့ရဲ့ ကျောပြင်အားငေးမောနေသည့် ဝေးမှာ မမျိုးတို့ခြံရှေ့တွင် လက်ပြရင်းသာကျန်နေခဲ့သည်။

ပိုင်စေ မြင်ကွင်းမှပျောက်သွားမှ ဝေး မမျိုး၏အိမ်ထဲ ဝင်လာခဲ့သည်။

" အစ်မ၊ အစ်မ ၊ ကျွန်တော် ဝင်ခဲ့မယ်နော် ''

" ဟေ..သြော်၊ ဝေးလေး လာ​လေ လာ၊ မမျိုးကမျှော်နေတာ ဝင်ခဲ့ ''

လက်တွဲဖော် ( My Dear )Where stories live. Discover now