( Unicode)
'' ဝေး... ''
'' ဝေး... ''
ဝေးသည် ဆေးရုံကုတင်စောင်းတွင်ခေါင်းမှီထားရင်း နှစ်ခြိုက်စွာအိပ်ပျော်နေပုံရသည်။
ပိုင်စေ့အသံကိုပင်မကြား။
ပိုင်စေ ဝေးပခုံးကိုအသာပုတ်ကာ ထပ်မံလှုပ်နှိုးလိုက်မှ နိုးလာခဲ့သည်။
မျက်လုံးနှစ်ဖက်အား အသာအယာပွတ်လိုက်ပြီး ကုတင်ပေါ်လှဲနေသည့် သဲသဲလေးထံအကြည့်ကရောက်သွား၏။
ကော့စင်းနေသည့်မျက်တောင်ရှည်များဖြင့် လှပနေသည့်မျက်ခွံများဟာ ပိတ်နေလျက်။
အသက်လေး ၉လ သာသာ,သာရှိသေးသည့် သမီးလေးကို ဆေးရုံလိုနေရာနှင့်တွဲဖက်မြင်နေရသည်ကိုက စိတ်ထဲနာကျင်ရသည်။
မိခင်နို့ရည်နဲ့ကင်းကွာခဲ့ရပြီး အာဟာရဖြည့်စွက်စာများနှင့်သာကျင်လည်နေရသည့်အတွက် ခုခံနိုင်စွမ်းနည်းသည်လားမပြောတတ်။
သည်လိုတော့ ဝေးအဖြစ်မခံနိုင်ပါ။ မွေးစားထားသည်ပဲဆိုဆို လက်တလောတွင် သမီးလေးရဲ့အုပ်ထိန်းသူကား ဝေးပဲလေ။
ဝေးလိုမျိုးမပျော့ညံ့အောင် ဝေး အစွမ်းကုန်ပြုစုစောင့်ရှောက်ပေးမှာ။
'' ဝေး အိမ်ပြန်နားရအောင်... ''
'' အင်း မောင်၊ မိအေးရောက်လာပြီလား ''
'' ရောက်ပြီ။ အပြင်မှာ။ မနက်စာတော့ အိမ်ရောက်မှစားရအောင်...။ ရလား...မောင်တွဲပေးရမလား ''
'' ရပါတယ် မောင်ရဲ့။ မိအေးက ဝင်မလာသေးဘဲ ဘာလုပ်နေတာလဲ ''
'' လာ လာပါပြီ အကိုလေးရဲ့ ''
ဆေးရုံအခန်းတံခါးအားတွန်းဖွင့်ကာ ကပြာကယာပြေးဝင်လာသည့် မိအေးပါလေ။
လက်ထဲတွင်လည်း ထမင်းချိုင့်၊ ရေဘူးတို့ကိုတစ်ဖက်ကိုင်ဆွဲကာ ဝင်လာခဲ့သူ မိအေးရယ်ပါ။
ဘေးက စားပွဲပေါ်အကုန်စုပြုံတင်လိုက်ရင်း။
'' အစ်ကိုလေးတို့သွားနားလိုက်တော့လေ။ မိအေး စောင့်ပေးထားမယ်။ အေးအေးဆေးဆေးရေမိုးချိုးအနားယူပြီးမှ တစ်ခေါက်လာခဲ့လေ ''
YOU ARE READING
လက်တွဲဖော် ( My Dear )
General Fictionအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........