နင်မုန့်က ခန‌အကြာမှာပဲ cardholderနဲ့ ပိုက်ဆံအိတ်ကို လက်ကိုင်အိတ်ထဲ ထည့်လိုက်ပြီးနောက် ထိုအိတ်ကို ရင်ခွင်ထဲထည့်ထားရင်း ပြောလိုက်၏။ "ဒါနဲ့ Hermèsက အစိမ်းရောင် အိတ်လေးလည်း ရှိသေးတယ်။ အရောင်က နည်းနည်း ရင့်နေတော့ ငါ့လို လှပတဲ့ မိန်းမငယ်လေးနဲ့ သိပ်မလိုက်ဘူး ဒါပေမယ့်လည်း နင်က ငါ့အတွက် ဝယ်ပေးလာမယ် ဆိုရင်တော့ သေချာပေါက် မငိုပါဘူး"

ကျန်းရှန့်မေကတော့ ဆွံ့အလို့သာ သွားရသည်။

သူမကို ဂဂျောင်ရိုက်နေသလို ခံစားလိုက်ရသသည်။ "နင် ငါ့ကို နောက်နေတာလား"

နင်မုန့်က အားနည်းပြီး သနားစရာကောင်းတဲ့ ပုံစံနဲ့ ဝမ်းနည်းနေတဲ့ မျက်နှာပုံစံ ဖမ်းထားပြီး တိတ်ဆိတ်နေ၏။ ကျန်းရှန့်မေကတော့ ထပ်ပြီး မကြည့်ရက်‌နိုင်တော့တာမို့ လက်မြှောက် အရှုံးပေးလိုက်ကာ "ကောင်းပြီ ကောင်းပြီ ငါဝယ်ပေးမယ်!"

နင်မုန့်က ခပ်မတ်မတ် ရပ်လိုက်ပြီး စံအိမ်က ထွက်ရန် ပြင်လိုက်ပြီး "နင့်ကတိအတိုင်း နင်လုပ်ရမယ်နော်။ အခုပဲ ငါတို့ သွားဝယ်ကြမယ်!"

ကျန်းရှန့်မေကတော့ သူမ အနောက်မှ လိုက်သွားရင်း ကားထဲဝင်လိုက်ပြီးနောက် ဂရုတစိုက် မေးလိုက်သည်။ "နင် တကယ် ဝမ်းမနည်းဘူးလား"

နင်မုန့်က ကားစက်နှိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "လမ်းခွဲတုန်းက ကမ္ဘာကြီး အဆုံးသတ်သွားသလို နင်လုပ်ခဲ့သလိုမျိုး ငါလုပ်မယ် ထင်နေတာလား? မိန်းမတွေက တကယ်ကို ပိုပြီး ကျော့ကျော့ရှင်းရှင်းနဲ့ တင့်တင့်တယ်တယ် ဖြစ်သင့်ပြီ!"

ကျန်းရှန့်မေက သူမကို လေးစားသွားကာ "နင်က တကယ်တော်တာပဲ!"

နင်မုန့်ကတော့ ဘာမှ ပြန်မပြောလိုက်တော့။

ကုန်တိုက်ကို ရောက်တဲ့အခါ ကျန်းရှန့်မေက သူမ အတွက် Hermèsအိတ် ဝယ်ပေးပြီးတဲ့အခါ နင်မုန့်က ကျန်းရှန့်မေကို လက်ဖက်ရည် ဝယ်တိုက်‌လိုက်သည်။ သူမရဲ့ ကြင်နာမှုကို ပြတဲ့အနေနဲ့ ကျန်းရှန့်မေအတွက် အဝတ်အစား အနည်းငယ်တောင် ဝယ်ပေးလိုက်သေး၏။

ညဘက်မှာတော့ တစ်ယောက်ကို ယွမ်၁၀၀၅ ကုန်တဲ့ ပင်လယ်စာဘူဖေးကို စားလိုက်ကြသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang