အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း

Start from the beginning
                                    

[WE ရဲ့ ချစ်သူများလား။ ဥပမာ .... ကု နဲ့ စတဲ့ တစ်ယောက်လေ ]

[ဒါက စတူဒီယိုမှာဆိုတော့ ထျန်ရှုံးရော မဖြစ်နိုင်ဘူးလား။ ]

[အရမ်း ရက်စက်တာပဲ။ အဲ့တာ ဘယ်သူလဲ ! ! ]

ကွန်းမန့်တွေက အလျင်မမှီနိုင်အောင် တက်နေတာကြောင့် စာတွေကို သေချာမဖတ်နိုင်ပေမယ့် သူတို့ပြောသမျှအကြောင်းအရာက 'ဘယ်သူ့ကို ပတ်တီးစည်းပေး နေတာလဲ' ဟူသည့် အမေးဖြစ်ကြောင်းကိုတော့ ဝမ်နျဲ့နျန် မြင်နေရသည်။ သို့ပေမယ့် ထိုသူက ကုယျန်ရှန်းဖြစ်ကြောင်းကို သူတို့မသိခဲ့တာကို မြင်မှ ဝမ်နျဲ့နျန် စိတ်အေးသွားခဲ့သည်။ ကင်မရာအနေအထားက စန္ဒရားရှိရာဘက်သို့ မျက်နှာမူထားပေမယ့် ဘယ်ဘက်ခြမ်းသို့လည်း တမင်သက်သက် စောင်းထားသည်။ ကုယျန်ရှန်းက သူ့ကိုမမြင်ရမယ့်နေရာကို သေချာတွက်ပြီး လက်မောင်းက ဒဏ်ရာကိုပဲ မြင်ရအောင် ရည်ရွယ်ရှိရှိပင် ကင်မရာကို နေရာချထားခဲ့တာ ဖြစ်သည်။

ဝမ်နျဲ့နျန်က ပတ်တီးစည်းထားပေးသောဒဏ်ရာကိုကိုင်ပြီး ကင်မရာထဲမပေါ်ဘဲ အပြင်ဘက်က ဆိုဖာတွင်ထိုင်နေသည့် ကုယျန်ရှန်းကို လှည့်ကြည့်လိုက်သည်။ လက်သီးကိုလည်း ဆုပ်ထားလျက်ပင်။

သူ ကုယျန်ရှန်းကို ဒီမှာ ပေးနေလို့ မဖြစ်တော့။ ထိုလူ ဘာတွေစီစဉ်နေလည်း မသိပေမယ့် မျက်လုံးထဲတွင်ပေါ်နေသည့် အန္တရာယ်ရှိ အငွေ့အသက်တွေကိုတော့ ဝမ်နျဲ့နျန် မြင်နေရသည်။

'သူ သေချာပေါက်ကို တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမည်။'

"ကျွန်တော် .... ကျွန်တော် အခု အဆင်မပြေတာလေး နည်းနည်းရှိနေလို့ ခနအကြာမှ ပြန်လာခဲ့ပါ့မယ် " ဝမ်နျဲ့နျန်က ဖုန်းနားသို့သွားပြီး တောင်းပန်လိုက်သည်။

ထို့နောက် ကုယျန်ရှန်းထိုင်နေသည့် ဆိုဖာဘက်သို့ ပြန်လှည့်လာခဲ့သည်။ သူ့မျက်ဝန်းထဲ၌ ဒေါသများအပြည့်ပင်။

"ကုယျန်ရှန်း ... မင်း တော်တော်လွန်သွားပြီ။ သူတို့ မင်းကို မြင်သွားရင် ဘာတွေဖြစ်လာမလဲ ဆိုတာ မသိဘူးလား။ ထပ်ပြီး ရှာဖွေမှု အများဆုံးလူ ဖြစ်ချင်နေတာလား။ "

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now