Part-46

4.8K 418 25
                                    

[Unicode]
တိမ်ယံရှင်းကသာ တတွတ်တွတ်မေးနေပေမယ့် ထိုလူထူးဆန်းမှာဘာမှပြန်မပြော။ အဲ့ဒီအစား မျက်နှာပေါ်ဖုံးအုပ်ထားသည့် အနက်ရောင် ပုဝါစအောက်မှမျက်လုံးများက တိမ်ယံရှင်းကိုသာ စိုက်ကြည့်နေ၏။
တိမ်ယံရှင်းက မျက်မှောင်ကြုံ့လိုက်ရင်း ထပ်မေးသည်။

"မင်းဘယ်သူလဲ"

"ငါဘယ်သူလဲ"

လူထူးဆန်းထံမှ သြရှရှအသံထွက်လာ၏။ တိမ်ယံရှင်းက နောက်ကအုပ်စုကို တစ်ချက်လှည့်ကြည့်ပြီး ဘာပြောလို့ပြောရမလဲ မသိဖြစ်သွားသည်။

ဘာလဲဟ လာနောက်နေတာလား...

"ဟေ့ အကောင်းမေးနေတာ လာနောက်မနေနဲ့၊ မင်းဘယ်သူလဲ"

"မသိဘူး"

"ဟမ်"

"ငါဘယ်သူမှန်းမသိဘူးလို့"

ကောင်းရော။ ကိုယ့်ဟာကိုယ်တောင် မသိတဲ့ လူထူးဆန်းနဲ့လာတိုးနေတယ်။

"အင်း အင်း မသိဘူးပဲ ထားပါတော့၊ ဘာရည်ရွယ်ချက်နဲ့ ငါ့နောက်လိုက်လာတာလဲ"

"အဲ့ဒါလည်းမသိဘူး"

"ဘာရယ်"

"ငါ့ရဲ့မသိစိတ်က မင်းနောက်ကိုလိုက်ခဲ့ဖို့ တွန်းအားပေးနေသလိုပဲ"

"အာ အဲ့လိုလား"

တိမ်ယံရှင်းက ခေတ္တမျှ ငြိမ်ကျသွားကာ စဥ်းစားနေ၏။

"အရှင်... သူ့ကိုဒီမှာခေါ်ထားလို့ ဖြစ်ပါ့မလား၊ နတ်မင်းကြီးတွေ သိသွားရင် တိုက်ပိတ်ဒဏ်ထပ်ကျနိုင်တယ်နော်"

နန္ဒက ခပ်တိုးတိုး သတိပေးလာ၏။
တိမ်ယံရှင်းက သူ့ရှေ့မှာထိုင်နေတဲ့ မျက်နှာပင်မမြင်ရတဲ့ လူထူးဆန်းကို တစ်ချက်အကဲခတ်လိုက်ရင်း။

"နတ်မင်းကြီးတွေ မသိလောက်ပါဘူး၊ ဒီကောင် ပြဿနာတစ်ခုခုမရှာရင်ပေါ့"

တိမ်ယံရှင်းက လူထူးဆန်းအားကြည့်ကာ။

"မင်းဒီမှာနေလို့ရတယ်၊ ဒါပေမယ့် တစ်ခုတော့ရှိတယ် ပြဿနာမရှာနဲ့၊ ပြဿနာရှာရင် မင်းရောငါရော..."

တိမ်ယံရှင်းက ပြောလက်စ စကားကိုရပ်ပြီး ကောင်းကင်ပေါ် လက်ညှိုးထိုးပြလိုက်ရင်း။

ကိုယ့်ရဲ့အရှင်-My Lord[Completed]On viuen les histories. Descobreix ara