Part-11

6.1K 484 19
                                    

[Unicode]
နှစ်တစ်ထောင်အက်ဖ်အေကြီးသူရဇ္ဇ ရည်းစားရသွား ပြီဆိုတဲ့သတင်းက နန်းတော်တစ်ခုလုံး ဟိုးလေးတကျော်ဖြစ်လို့နေသည်။ တရားခံက မင်းဒင်မှလွဲ၍တခြားမရှိ။ မင်းဒင်က ညီအစ်ကိုလို ခင်ရတဲ့ နန္ဒကို ပြောပြသည်။ နန္ဒကလည်း သူ့ရည်းစား ရူပါကို ပြောပြန်သည်။ ရူပါမှ တစ်ဆင့် နန်းတော်တစ်ခုလုံးသိသွားခြင်းဖြစ်သည်။

သူရဇ္ဇမှာ ထိုကိစ္စကိုစိတ်ထဲမထားပေ။ သူလည်း သူ့ကိစ္စနှင့်သူ။ အမှောင်မှော်ပညာ အစီအရင်အကြောင်း ဘိုးဘိုးကြီးကို လျှောက်ပေမယ့် ဘိုးဘိုးကြီးက စိတ်မပူရန်နှင့် ကောင်လေးကိုလည်း သံသယမဝင်ရန်သာ မိန့်ကြားခဲ့သည်။ နောက်ကွယ်မှာ သူမသိတဲ့ အကြောင်းတစ်ခုခုတော့ရှိလိမ့်မည်။

"ဟျောင့်....."

"အမ်"

"တပ်မှူးကိုကြည့်ရတာ မင်းကို အတော်ချစ်ပုံပေါ်တယ်နော်"

"မင်းကဘာလို့ အဲ့လိုထင်ရတာတုံး"

"စဥ်းစားကြည့်လေကွာ၊ မင်းတို့အချင်းချင်းတွေ့တာ ဘယ်လောက်မှမကြာသေးဘူးဆိုပေမယ့် မင်းကိုဘယ်လောက်အရေးပေးလိုက်သလဲ၊ အစစ အရာရာအလိုလိုက်ထားတာပဲမဟုတ်လား၊ ငါ့အထင် မင်းတို့အတိတ်ဘဝမှာ ရေစက်ရှိခဲ့တဲ့ပုံပဲ"

"ရေစက်ပဲရှိရှိ မီးစက်ပဲရှိရှိ၊ အခုထိရောက်မလာသေးဘူးတွေ့လား ခါတိုင်း ဒီအချိန်ဆိုရောက်နေပြီ"

"ဟ မင်းကလည်း စောစောစီးစီးရစ်ဖို့ကြံနေပြီလား"

".........."

" မင်းအဲ့လောက်ထိမဆိုးသင့်ဘူးနော် တစ်ချိန်ချိန်မှာ သူမင်းကိုစိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ"

"ငါ့အချစ်ရေးကို စော်မရှိတဲ့ကောင်တွေ အကြံပေးတာလက်မခံဘူးကွ"

"သူတောင်းစား"

လင်းသန့် ဆွေ့ဆွေ့ခုန်လေပြီ။

"ငါမေးကြည့်ပါဦးမယ်"

"အမ်"

"မင်းသူ့ကိုတကယ်ရောချစ်ရဲ့လား"

"မင်းက ငါအပျော်ကြံတယ်လို့ ထင်နေတာလား"

"မဟုတ်ဘူးကွ...အခုမှတွေ့ဖူးတဲ့ လူနှစ်ယောက်က အချိန်ခဏလေးနဲ့ရည်းစားတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာ ထူးဆန်းလွန်းနေတယ်"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now