Part-3

7.1K 554 10
                                    

[Unicode]
ထိုနေရာတွင် အချိန်တော်တော်ကြာ စောင့်နေပြီး နောက်တွင် တိမ်ယံရှင်းပျင်းလာသည်။ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူမှလည်း မရှိပေ။

ခပ်တည်တည်ပင် ထိုနေရာမှ ထွက်လာပြီး ဒေ့ဗ်ရှိရာ နန်းတော်စည်းရိုးနားရောက်လာသည်။ ဒေ့ဗ်က အေးအေးလူလူပင် တံတိုင်းအားမှီကာ မျက်လုံးမှိတ်ထားသည်။ အိပ်နေတာတော့မဖြစ်နိုင်။  ဝိညာဥ်တွေက အိပ်ဖို့မှမလိုပဲ။

"ဘိုး..."

တိမ်ယံရှင်း၏ အသံ‌ကြောင့် ဒေ့ဗ်မျက်လုံး ဖွင့်ကြည့်လိုက်သည်။

"မင်းဘာလာလုပ်တာလဲ၊ တပ်မှူးက မင်းကို ဘာမှမခိုင်းဘူးလား"

"ကျွန်တော့်ကို အခန်းတစ်ခုထဲမှာ စောင့်ခိုင်းတာ၊ ပျင်းစရာကြီးဗျာ စကားပြောစရာလူလည်းမရှိဘူး အဲ့ဒါကြောင့် ဘိုးဆီထွက်လာတာ"

"ဟေ့ကောင် မင်းဒီလိုလာချင်တိုင်းလာလို့မရဘူး လေကွာ မင်းကို အစောင့်ချထားတာလေ"

"ခဏပါပဲဘိုးရာ၊ ကျွန်တော်မေးစရာရှိလို့"

"ဘာလဲ မြန်မြန်မေး၊ ပြီးရင် လစ်တော့..."

"အခုက ညကြီးမဟုတ်ဘူးလား ဘာလို့ ဒီမှာ အလင်းရောင်ရှိနေရတာလဲ"

"ဒီမှာသားလေး သေချာနားထောင်၊ အခုမင်းရောက်နေတာ အပလောကရဲ့တစ်နေရာပဲ၊ ပြီးတော့ ဒီနေရာက အရှင်မင်းကြီးကိုယ်တိုင် တပ်မှူးကို အစောင့်အကြပ်အဖြစ်ထားခဲ့တာ၊ ဒီနေရာ ဒီနန်းတော်ကြီးမှာ ရာသီဥတုကစလို့ ပတ်ဝန်းကျင်အခြေအနေတွေအထိ အကုန်တပ်မှူးသဘောပဲကွ"

"ဘယ်လိုလဲဘိုး ကျွန်တော်နားမလည်ဘူး"

"ဟ ဒီကောင်နဲ့တော့ ခက်နေပါရောလား၊
အခုရာသီဥတုကအုံ့မှိုင်းနေတယ်မဟုတ်လား ‌အေး တကယ်လို့ တပ်မှူးက မိုးရွာတာ လိုချင်ရင် ချက်ချင်းမိုးရွာလိမ့်မယ်၊ နေသာတာလိုချင်ရင် နေသာမယ်၊ ပြီးတော့ ဒီနန်းတွင်းကဝိညာဥ်တွေက တပ်မှူးသဘောအတိုင်း လူရုပ်သွင်နဲ့ဖြစ်တည်နေတာ တပ်မှူးသာ ဆန္ဒရှိရင် သူတို့သေတုန်းက ပုံစံတွေနဲ့ မင်းမြင်ရလိမ့်မယ်"

" အဲ့လိုကြီးတော့မမြင်ချင်ဘူး ကြောက်တယ်"

"သိချင်တာလည်း သိပြီးပြီမဟုတ်လား လစ်တော့"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now