Part-26

5.4K 438 24
                                    

[Unicode]
တိမ်ယံရှင်းက ဘာကိုဂဏာမငြိမ်ဖြစ်နေလဲမသိ။ သူရဇ္ဇအား ဟိုဟာခိုင်းလိုက် ဒီဟာခိုင်းလိုက်။
ဘာလုပ်ဖို့ကြံနေမှန်းမသိပေမယ့်မမေးရဲ။ မတော်လို့ စိတ်ဆိုးသွားရင် ချော့ရတာ သူ့မှာပင်ပန်းလှသည်။

အောက်ထပ်က ဧည့်ခန်းအတွင်း ဆီမီးများထိန်နေအောင်ထွန်းစေသည်။
နတ်မင်းကြီးများထံမှ ပေးသနားတော်မူခြင်းခံရသည့် သနပ်ခါးတုံးနှင့် ကျောက်ပျဥ်ကိုလည်း အတင်းပူဆာ၏။

ထိုသနပ်ခါးကား သာမန်တော့မဟုတ်။ မျက်နှာထက်တွင် လိမ်းကျံလိုက်ပါလျှင် ပျောက်ဆုံးနေသည့် မှတ်ဥာဏ်များအားပြန်လည် အမှတ်ရစေသည်။

သွေးထားသည့် သနပ်ခါးအနှစ်များအား ရေနှင့်ဖျော်ပြီး ခေါင်းမှလောင်းချလျှင် ထိုမှတ်ဥာဏ်ပုံရိပ်များအား ဘေးလူများပါ မြင်ရစေ၏။ ဆေးတော်ကြီး၏ လျှို့ဝှက်ချက်ဖြစ်သော ဒီတစ်ချက်ကိုတော့ ဇေယျ တစ်ဖြစ်လဲ တိမ်ယံရှင်းသာသိသည်။

သူရဇ္ဇ မမေးဘဲ မနေနိုင်တော့။

"ရှင်းငယ်...ဘာတွေလုပ်မလို့လဲ"

"ခဏနေရင်သိပါလိမ့်မယ်ဗျာ...မီးကဒီလောက်ပဲလား များများထွန်းမှ ကောင်းကောင်းမြင်ရမှာပေါ့ ထွန်းသာထွန်းစမ်းပါ ခင်ဗျားနန်းဆောင်ကြီး ပြာကျမသွားပါဘူးဗျ"

သူရဇ္ဇလည်း ဘာမှဆက်မေးမနေတော့ဘဲ ကောင်လေးပြောသည့်အတိုင်းသာ လုပ်လိုက်သည်။
အခုဆိုရင် အခန်းထဲမှာ ဆီမီးရောင်တွေ ထိန်ထိန်ညီးလို့။
အမွှေးနံ့သာတိုင် အနံ့တွေကလည်း မွှန်ထူလို့။
သူတို့သာအသက်ရှိနေသေးရင် ဒီအငွေ့တွေကြောင့် အရေးပေါ်ဆေးရုံတင်ရမှာ မလွဲမသွေပင်။

သိပ်မကြာပါ။ မင်းဒင်နှင့် လင်းသန့် ရောက်လာ၏။

"အဟွတ် အဟွတ်... ဘာတွေလျှောက်လုပ်ထားတာလဲ ခြင်ပြေးအောင်လို့လား"

တိမ်ယံရှင်းက ကျွန်းထိုင်ခုံကြီးတွင်ဝင်ထိုင်လိုက်ကာ။

"ကဲ...သားတော်ကြီးတို့ ငါ့ရှေ့မှာ အခုချက်ချင်း ခစားကြစမ်း"

မင်းဒင်နှင့်လင်းသန့်က သူရဇ္ဇအား တစ်ချက်လှမ်းကြည့်လိုက်တော့ သူရဇ္ဇက ခေါင်းသာငြိမ့်ပြသည်။ ဒီကောင်ဘာအရူးထတာလဲဟ။
ဘိုးတော်ယောင်ယောင် ဘာယောင်ယောင်နဲ့။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now