Part-9

5.9K 466 29
                                    

[Unicode]
"အစ်ကိုကြီး ကျွန်တော် လင်းသန့်ကို ခေါ်ထားလို့ရလား"

"အကြောင်းပြချက်က??"

"ကျွန်တော်တစ်ယောက်တည်း စောင့်တာထက် စာရင် လင်းသန့်နဲ့ဆို ပိုအဆင်ပြေမယ် ထင်လို့ပါ"

တိမ်ယံရှင်းတစ်ယောက် လင်းသန့်ကို ခေါ်ထားခွင့်ရရန် သူရဇ္ဇထံခွင့်တောင်းနေခြင်းဖြစ် သည်။ ဒီလိုနေရာမျိုးမှာ လျှပ်စစ်မီးမရှိ၊ ဖုန်းမရှိ နေရတော့ လင်းသန့်တစ်ယောက်ရှိတာ သူ့အတွက် အတော်လေး အားဖြစ်သည်။ လင်းသန့်လည်း တိမ်ယံရှင်းကဲ့သို့ပင်။ အစစအရာရာဖွံ့ဖြိုးတိုးတက် နေတဲ့ခေတ်မှာ မွေးဖွားခဲ့တဲ့သူတို့က ရုတ်တရက်ကြီး နန်းတွင်းဓလေ့ထဲမှာ နေထိုင်ဖို့ဖြစ်လာသည်မို့ နှစ်ယောက်လုံးအတွက် အဆင်မပြေလှ။

"အသင်...တောင်းဆိုတာတွေ သိပ်များနေပြီ၊ ရတနာနန်းဆောင်ထဲနေရတာ ငြီးငွေ့တယ်ဆိုလို့ အသင့်ကိုနေ့စဥ်အပြင်ထွက်နိုင်အောင် ကျွန်ုပ်စီစဥ် ပေးခဲ့တယ်၊အခုလည်း..."

ပြောလို့ပင်မပြီးသေး ကောင်လေးရဲ့မျက်နှာ ညှိုးကျသွားတာမို့ သူရဇ္ဇစိတ်ထဲမကောင်းလှ။

"ဟူး...ထားပါတော့ဗျာ"

ကောင်လေးက အားလျော့နေသည့်ပုံဖြင့် ခပ်လှမ်းလှမ်းတွင် သွားထိုင်သည်။

"အသင် ဆန္ဒပြင်းပြတယ်ဆိုရင်တော့ ကျွန်ုပ်မတားလိုပါဘူး၊ တစ်ခုတော့ရှိတယ်...
အဲ့ဒီသူငယ်အပြစ်တစ်ခုခုလုပ်ရင် အသင်တို့နှစ်ဦးလုံး ပြစ်ဒဏ်ခံရလိမ့်မယ်"

တိမ်ယံရှင်းက ဘာမှပြန်မပြော။ ခေါင်းကိုငုံ့ထားပြီး သူ့ကိုလည်း ကျောပေးထားသေးသည်။

"အသင် ကျွန်ုပ်ပြောနေတာကြားလား"

"မကြားဘူး"

".........."

သူရဇ္ဇသက်ပြင်းချလိုက်မိသည်။ ဒီကောင်လေး စတွေ့တုန်းကတော့ သူ့ကိုကြောက်မလိုလိုနဲ့ အခုကျ ဂျစ်ကန်ကန်ရယ်။

"အသင် ‌စိတ်ဆိုးမနေလေနဲ့၊ နန်းတော်တွင်း လှည့်ပတ်သွားလာရာမှာ အချိန်လင့်ကုန်တော့မယ်"

"ဒီနေ့အပြင်မထွက်ဘူး"

သြော်...ဒါကစိတ်ကောက်တာတဲ့လား

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now