Part-40

5K 436 13
                                    

[Unicode]
ညသန်းခေါင်အချိန်တွင် မိုးစဲကာ ကောင်းကင်တွင် ကြယ်များဖြင့်လင်းလက်နေ၏။ အစီအရင်ကလည်း အချိန်ကိုက်ပင် ပြီးဆုံးသွားပြီဖြစ်သည်။

ဇေယျက အစီအရင်ပြုလုပ်ထားသည့် သူရဇ္ဇ၏ ဦးခေါင်းအား အိတ်ထဲတွင် သေသေချာချာထည့်ကာ မိုးညိုအား မြင်းဇောင်းထဲမှ ထုတ်ခဲ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်... ဦးကြီးတို့သာ မကူညီရင် ကျွန်ုပ်တစ်ဦးတည်း မအောင်မြင်နိုင်လောက်ဘူး"

ဇေယျက ကျော်စွာနှင့်မိုးမာန်အား ကျေးဇူးတင် စကားဆိုပြီး လေသံခပ်နိမ့်နိမ့်ဖြင့် အလေးအနက်ပြောသွားသည့် စကားတစ်ခွန်းရှိခဲ့သည်။

"စားနပ်ရိက္ခာအလုံအလောက်ပြင်ဆင်ထားကြချည်‌ရော့၊ နယ်စပ်ဒေသက မကြာမီမှာ စစ်တလင်းဖြစ်တော့မှာမို့ အချိန်အတိုင်းအတာတစ်ခုထိ အိမ်နီးချင်းတိုင်းပြည်တွေဆီက ဘာကုန်ပစ္စည်းမှ တင်သွင်းလို့ရဦးမှာမဟုတ်ဘူး"

သူတို့ပင် ဘာမှပြန်ပြောချိန်မရလိုက်။ ဇေယျက မိုးညိုအားနှင်လျက် နန်းတော်သို့ပြန်သွားချေပြီ။
ဇေယျ၏ စကားတစ်ခွန်းက သူတို့အတွက် တွေးတောစရာအမြောက်အများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ဇေယျပြောခဲ့သည့်အတိုင်း လိုက်နာရန်သာ ဆုံးဖြတ်လိုက်ကြသည်။

‌နန်းတော်ထဲပြန်အရောက်တွင် သူ၏ဘေးက အရိပ်သဏ္ဌာန်အရာတစ်ခုဖြတ်သွားသည်ကို လှစ်ကနဲမြင်လိုက်ရသည်။

"မောင်မင်းကို ကိုယ်တော် ဒီနိမ့်ကျတဲ့ဘဝကနေ ကယ်တင်ပေးပါ့မယ်"

ဟုခပ်တိုးတိုးရေရွတ်လိုက်မိသည်။

ဇေယျက မှော်မန္တာန်များကို ရွတ်‌ဆိုကာ သူ၏လက်ဖဝါးမှတစ်ဆင့် မှော်စွမ်းအားများကို ကူးပြောင်းပေး၏။ ထို့နောက်သူရဇ္ဇ၏ ဦးခေါင်းကို သေသေချာချာပြန်မြှုပ်နှံပေးခဲ့သည်။
မျက်လုံးထောင့်မှ ရိပ်ကနဲ ရိပ်ကနဲ မြင်နေရသည့် အနက်ရောင်အခိုးအငွေ့များသည်လည်း ချက်ချင်းဆိုသလိုပျောက်ကွယ်သွား၏။ ဇေယျလည်း ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။

ဦးခေါင်းအားမြှုပ်နှံထားသည့်နေရာအား လက်ဖြင့် ခပ်ဖွဖွထိကိုင်လိုက်ကာ။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now