Part-6

6.3K 519 28
                                    

[Unicode]
"အသင် ဘယ်နေရာကိုအရင်သွားချင်သလဲ"

သူရဇ္ဇ၏အမေးကြောင့် တိမ်ယံရှင်း တစ်ချက်စဥ်းစားလိုက်သည်။ သူရဇ္ဇကတော့ တိမ်ယံရှင်းကို မသိမသာစောင့်ကြည့်နေလေသည်။

"နီးနီးနားနား ဘိုးဆီအရင်သွားရအောင်၊ ဘိုးကိုမတွေ့ရတာကြာပြီ"

"ကောင်းပြီ"

ဒီကောင်လေး ဒီလိုကျတော့ အကောင်းပါလား

မြောက်ဘက်စည်းရိုးကိုရောက်တော့ ဒေ့ဗ်က သူ့လူတွေနဲ့ ဖဲကစားနေသည်။

"ဘိုး..."

"ဟင် မင်းခိုးထွက်လာပြန်...သြော်...တပ်မှူးလည်း ပါတာကိုး"

အခုတလော သူရဇ္ဇရဲ့အပြုအမူတွေထူးဆန်းနေတာ လူတိုင်းသတိထားမိသလို ဒေဗ့်လည်းသိသည်။

"တပ်မှူး...ထူးထူးဆန်းဆန်းပါလားဗျ၊ မျောက်တစ်ကောင်နဲ့ လမ်းတွေဘာတွေ ထွက်လျှောက်လို့"

ဒေ့ဗ်က သရော်သလိုမေးလိုက်တော့ အနောက်က ဖဲကစားနေတဲ့လူတွေဆီက ခွိကနဲအသံကြားလိုက်ရ သည်။ ဒါ့အပြင် သူရဇ္ဇရဲ့မျက်နှာမှာလည်း ပြုံးစစ။

"ခင်ဗျားက ဘာရယ်တာလဲဗျ၊ ဘိုးကလည်း ကျွန်တော့်ကိုတွေ့တာနဲ့ ဖဲ့မယ်ဆိုတာချည်းပဲ"

တိမ်ယံရှင်းက ရန်တွေ့သည်ကို စိတ်မဆိုးဘဲ ပြုံးရုံသာ ပြုံးနေသည့် သူရဇ္ဇကို ကြည့်ပြီး လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြသည်။ စကားတောင်အမှားမခံတဲ့ တပ်မှူးကြီးက အခုကျ ပြုံးလို့ပါလား။

ဒေ့ဗ်က တိမ်ယံရှင်းကို ဂရုမစိုက်ဘဲ သူရဇ္ဇကိုသာ မေးလိုက်သည်။

"တပ်မှူး ဘာစိတ်ကူးပေါက်လို့ ဒီကောင့်ကို အပြင်ခေါ်ထုတ်လာတာတုန်းဗျ"

"ဘာရယ်တော့ မဟုတ်ပါဘူး အဆွေ၊ ကလေးက ပျင်းတယ်ဆိုလို့ပါ"

ဒေ့ဗ်အနောက်က နားစွင့်နေကြတဲ့ လူတွေအကုန် မျက်လုံးပြူးကုန်ကြသည်။ သူရဇ္ဇက ဘယ်တုန်းကများ ကလေးထိန်းရတာ ဝါသနာပါသွား ပါလိမ့်။

ထိုစဥ် တိမ်ယံရှင်းရဲ့ခါးလယ်လောက်သာရှိမည့် ကလေးတစ်ယောက်ပြေးလာကာ တိမ်ယံရှင်းအား ဖက်လိုက်သည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Hikayelerin yaşadığı yer. Şimdi keşfedin