Part-30

5K 428 15
                                    

[Unicode]
တိမ်ယံရှင်း စောင့်မျှော်နေခဲ့ရသည့် လပြည့်နေ့ကို ရောက်လာပြီဖြစ်သည်။
သူရဇ္ဇကတော့ စောစောစီးစီး နန်းရင်ပြင်ကို ရောက်နေပြီဖြစ်သဖြင့် သူ့ကိုဂရုမစိုက်အား။
ဒါကိုအခွင့်ကောင်းယူပြီး တိမ်ယံရှင်းက ပင်မနန်းဆောင် အနောက်တံခါးမှ ခိုးဝင်ရန်ကြံတော့၏။

"ဟျောင့် ဖြစ်ပါ့မလားဟ"

"ဖြစ်ပါတယ်ကွ ငါဝင်ပြီးကြည့်ရုံတင်ကြည့်မှာပါကွာ ဘာမှမလုပ်ပါဘူး"

ဖြစ်ချင်တော့ ဒီနေ့ပင်မနန်းဆောင်အနောက်တံခါး ကိုစောင့်ရတဲ့လူတွေက မောင်ရိုးတို့အဖွဲ့။

"ရောင်းရင်းတို့ ဒီမှာဘာလုပ်နေကြတာလဲ"

"အာ...မောင်ရိုး ငါကိစ္စတစ်ခုရှိလို့ ပင်မနန်းဆောင်ထဲဝင်မလို့"

"မနောက်ပါနဲ့ ရောင်းရင်းရာ"

"မနောက်ဘူး ငါတကယ်ပြောနေတာ"

"ရောင်းရင်းက အဘယ်သို့သော အကြောင်းကိစ္စကြောင့် ပင်မနန်းဆောင်ထဲ ဝင်မှာပါလဲ"

"ငါနောက်မှရှင်းပြပါ့မယ်ကွာ လောလောဆယ် ငါ့ကိုဝင်ခွင့်ပေးပါ"

ဘယ့်နှယ့် ကိုယ့်နန်းဆောင်ထဲ ကိုယ်ဝင်မှာကို ဒီကောင်တွေဆီကခွင့်ပြုချက်ပြန်ယူနေရတယ် စိတ်တွေလည်းညစ်ပါတယ်...

ပြုံးရွှင်နေသည့် မောင်ရိုး၏မျက်နှာမှာ တည်တင်းသွားကာ တံခါးရှေ့တွင်ရပ်လျက် ဓားကိုဆွဲထုတ်လိုက်၏။
တိမ်ယံရှင်းက အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်ရင်း။

"အဲ့လောက်ထိလိုအပ်လို့လား"

"အသင့်ကိုကျွန်ုပ်စိတ်ရင်းနဲ့ အမှန်တကယ် ခင်မင်ရင်းနှီးပါတယ် သို့ပေမယ့် အခုချိန်က တာဝန်ချိန်ဖြစ်တာမို့ မိတ်ဆွေသော ဘာသော ထောက်ထားမနေနိုင်ပါဘူး"

တိမ်ယံရှင်းက ဟက်ကနဲရယ်လိုက်ကာ။

"အိုကေလေ မင်းကဒီလိုဆိုမှတော့လည်း ငါ့ဘက်က ညှာနေစရာမလိုတော့ဘူးပေါ့ "

မောင်ရိုးက ဓားကိုမြှောက်ကာ ကာကွယ်ဟန်ပြုလိုက်၏။

"ရှေ့ဆက်တိုးမလာပါနဲ့ ကျွန်ုပ်ရဲ့မိတ်ဆွေကို ကျွန်ုပ်လက်နဲ့ထိခိုက်နာကျင်အောင် မပြုလိုဘူး"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now