Part-23

5.5K 477 83
                                    

[Unicode]
အခုတလော သူရဇ္ဇအပါအဝင် နန်း‌တွင်းတစ်ခုလုံးက ဝိညာဥ်များအလုပ်ရှုပ်လျက် ရှိသည်။ ‌ဇေယျမင်းသျှင်ကျဆုံးခဲ့သည့် လပြည့်နေ့ရောက်တိုင်း အရှင်မင်းမြတ်အား ရည်စူး၍ ပွဲတော်တစ်ခုကိုနှစ်စဥ်ကျင်းပကြ၏။
ယခုလည်း ထိုပွဲတော်အတွက် တစ်ပတ်ခန့်ကြို၍ ပြင်ဆင်နေကြခြင်းပင်။

နန်းတွင်းသူ နန်းတွင်းသားများက ကျရာအလုပ်ကို လုပ်ကိုင်ကြရင်း နန်းတော်ရင်ပြင်တွင် ပျားပန်းခတ်မျှစည်ကားလျက်ရှိသည်။
နန်းတော်ရင်ပြင်တွင် စားပွဲခုံများအကျအန ခင်းကျင်းသူကခင်း ပန်းအလှဆင်သူကဆင်ဖြင့် အလုပ်ရှုပ်နေကြသည်။ သို့သော်လည်း ဘယ်သူမှ ပင်ပန်းတယ်လို့မမှတ်ယူကြ။ အရှင်မင်းမြတ်အား ရည်စူးကျင်းပသောပွဲတော်တွင် ပျော်ပျော်ပါးပါး ပါဝင်လျက်ရှိသည်။

တပ်မှူးက ဒီနှစ်ကို အရင်နှစ်များကထက် ပိုကောင်းအောင် စီစဥ်ဖို့ညွှန်ကြားထားသည်မို့ အသေးစိတ်ကအစ အာရုံစိုက်လုပ်ကိုင်နေကြ၏။

တိမ်ယံရှင်းက ဂစ်တာလေးတစ်လက်လွယ်လျက် ရဲမက်များအားကြီးကြပ်နေသည့် နန္ဒကို လက်ပြလိုက်သည်။ နန္ဒက တိမ်ယံရှင်းနှင့်လင်းသန့် အားမြင်သွားကာ ရဲမက်များကိုညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး အပြေးရောက်လာခဲ့၏။

သူရဇ္ဇကတော့ မယ်တော်ကြီးတို့ ဦးရီးတော်တို့နှင့် စကားစမြည်ပြောဆိုလျက်ရှိပြီး မင်းဒင်က အခြားတစ်နေရာတွင် ကြီးကြပ်လျက်ရှိသည်။

"ညီငယ်လေးတို့ ရောက်တာကြာပြီလား"

"မကြာသေးဘူး အခုမှရောက်တာ၊ ရောက်ရောက်ချင်းပဲ အစ်ကို့ကိုလိုက်ရှာနေတာ ဒီမှာလာတွေ့တာပဲ"

"ဟေ...ဘာလို့ကျွန်ုပ်ကိုရှာတာလဲ၊ တပ်မှူးက အပေါ်မှာလေ"

တိမ်ယံရှင်းက မိန်းမပျိုအုပ်စုထဲတွင်ထိုင်ပြီး ပန်းထိုးလျက်ရှိသည့် ရူပါအားမေးငေါ့ပြလိုက်ကာ...

"ဟိုမှာ အစ်မရူပါ...အစ်ကိုတို့အဆင်မပြေကြ သေးဘူးမဟုတ်လား ကျွန်တော်တို့ကူညီပါ့မယ်ဗျာ"

နန္ဒက တိမ်ယံရှင်းကျောတွင် လွယ်ထားသည့် ဂစ်တာအားတစ်ချက်ကြည့်လိုက်သည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now