Part-10

6.5K 495 60
                                    

[Unicode]
တိမ်ယံရှင်းကလင်းသန့်ကိုစနောက်ကာရယ်မောနေရင်းမှတစ်စုံတစ်ခုကိုသတိထားမိသွားသည်။

"အစ်ကိုကြီး ဟိုဟာကဘာလဲဗျ"

သူရဇ္ဇကတိမ်ယံရှင်းပြသည့်နေရာကိုလှမ်းကြည့် လိုက်သည်။
ထိုအရာကား သာမန်ကာလျှံကာကြည့်လျှင် ကျောက်တိုင်တစ်တိုင်သာဖြစ်ပြီး သေချာကြည့်မည်ဆိုလျှင်တော့ စာလုံးများစွာရေးထွင်းထားသည့် ကျောက်စာဖြစ်သည်။ အချိန်ကာလကြာမြင့်နေပြီ ဖြစ်၍ ရေညှိအထပ်ထပ်ကပ်ကာ ချုံနွယ်ပိတ်ပေါင်း များဖြင့်ဖုံးလွှမ်းနေပြီး ကျောက်စာနှင့်ပင်မတူတော့ ချေ။

သူရဇ္ဇလည်း တောင်ပေါ်မရောက်ဖြစ်တာ ကြာပြီဖြစ်၍ အတော်လေးစဥ်းစားယူလိုက်ရသည်။ ဒီကျောက်စာကို အရင်ကမမြင်ဖူး။ သူသေဆုံးပြီးမှ ရေးထွင်းခဲ့တာ ဖြစ်လိမ့်မည်။

"ကျွန်ုပ်ခန့်မှန်းရသလောက်တော့ ကျောက်စာဖြစ်မည်ထင်"

"ကျွန်တော်ဖတ်ကြည့်လို့ရလား"

"ရပါတယ်"

သူရဇ္ဇဆီက ခွင့်ပြုချက်လည်းရရော တိမ်ယံရှင်းက ကျောက်စာတိုင်နားသွားလိုက်သည်။ အောက်က ကျောက်တုံးတွေက ရေညှိတွေကပ်ပြီး ချော်နေတာမို့ သတိမထားမိလိုက်ခင်မှာပဲ ချော်လဲကျသွားသည်။

ရုတ်တရက်မို့ တိမ်ယံရှင်းမထိန်းလိုက်နိုင်။ ကျောက်တုံးနှင့်မျက်နှာရိုက်မိလျှင် သွားနှစ်ချောင်း လောက်တော့ကျွတ်မှာသေချာသည်။

ငါတော့ကိုယ်ကျိုးနည်းပါပြီ

သို့ပေမယ့် ကျောက်တုံးများအပေါ် ပြုတ်ကျရမည့်အစား လေထဲတွင်တန့်နေသည်။
သူ့ရဲ့ခါးပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ သန်မာတဲ့ လက်တစ်ဖက်က နေရာယူလျက်။

"လမ်းကချော်တယ်အသင် သတိထား"

"ကျေး...ကျေးဇူးပဲ"

တိမ်ယံရှင်း မျက်နှာနီရဲတက်လာကာ တစ်ဖက်သို့ လှည့်သွားသည်။ သူသာအသက်ရှိနေသေးရင် နှလုံးအခုန်မြန်လွန်းလို့ ရင်ဘတ်ထဲကထွက်ကျလာ မှာတောင်စိုးရသည်။

ဒီလူကတကယ်ပဲ ရင်ခုန်အောင် တအားလုပ်တယ် အား...သူရဇ္ဇ

တိမ်ယံရှင်း စိတ်ထဲမှအော်ဟစ်လိုက်သည်။ သူရဇ္ဇ ရဲ့ ဘာမဟုတ်တဲ့ဂရုစိုက်ပေးမှုလေးကတောင် သူ့ကို လောကကြီးနဲ့ခေတ္တအဆက်အသွယ်ပြတ်သွား စေသည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ