အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။

Start from the beginning
                                    

ကုလင်ပြောခဲ့သောစကားနှင့် ပြန်ပြုပြင်ထားတဲ့ သူ့အမေရဲ့စန္ဒရားကို မြင်ပြီး ဝမ်နျဲ့နျန်စိတ်ထဲ မရေမရာဖြစ်သွားခဲ့သည်။ ကုယျန်ရှန်း တကယ်ကို ပြောင်းလဲသွားပြီဟု သူတွေးခဲ့ပေမယ့် ....... အဆုံးသတ်မှာတော့ ထိုသူက အရင်ကအတိုင်း မပြောင်းမလဲဘဲ ရှိနေခဲ့သည်။

"နျန်နျန်"

လူအုပ်ကြီးကိုတွန်းဖယ်၍ လုယွင်အရှေ့သို့ တိုးလာပြီး ထျန်ရှုံးနှင့် ဘေးတွင်ရပ်နေသည့် မိုပေရိကိုမြင်တော့ ခနမျှ တုံ့ဆိုင်းသွားခဲ့သည်။

"အားရှန်း .... ပြောစရာရှိတယ်ဆိုရင် အပေါ်တက်ပြီး စာကြည့်ခန်းထဲသွားလိုက်။ ဒီမှာ ဧည့်သည်တွေအများကြီး ရှိနေသေးတယ်။ မင်းက လူအများရဲ့ အရှေ့မှာ ...."

"ဘာလို့ သွားရမှာလဲ။"

ကုယျန်ရှန်းက လုယွင်စကားကို ဖြတ်ပြောလိုက်သည်။ သူ့မျက်ဝန်းတွေက ဝမ်နျဲ့နျန်ကိုသာ စိုက်ကြည့်နေပြီး ဘေးတွင်ရှိနေသည့် ကုလင်ထံသို့လည်း တစ်စုံတစ်ရာကို တီးတိုးပြောလိုက်သည်။ ထိုစကားကြောင့် အံ့ဩမှင်သက်စွာပင် ကုယျန်ရှန်းကို ပြန်မော့ကြည့်ပြီး ကုလင်အပြင်ဘက်သို့ ထွက်သွားခဲ့သည်။ တစ်ခနအကြာ၌ သတင်းထောက်အမြောက်အမြားက ခန်းမထဲသို့ ဝင်လာကြသည်။

"အားရှန် ... မင်း ဘာလုပ်ဖို့ ကြံနေတာလဲ။" လုယွင်က မျက်မှောင်ကြုပ်ကာမေးလိုက်ပြီး တွေ့ကရာအကုန်လုံးကို တဖျတ်ဖျတ်နှင့် ဓာတ်ပုံရိုက်နေကြသည့် သတင်းထောက်တွေကို ကြည့်လိုက်သည်။ သတင်းထောက်အားလုံးက ကုယျန်ရှန်းကို ဝန်းရံပြီး ဧည့်ခံပွဲတွင်ရှိနေသည့် လူအားလုံးကို စတင်ဓာတ်ပုံရိုက်နေခဲ့သည်။

ကုယျန်ရှန်းက ဝမ်နျဲ့နျန်ထံသို့ အလျင်မလိုသောခြေလှမ်းများဖြင့် အေးဆေးစွာလျှောက်သွားပြီး တည့်တည့်မတ်မတ်စိုက်ကြည့်ပြီးနောက် သတင်းထောက်တွေထံသို့ ပြန်လှည့်ကြည့်လိုက်သည်။

"ကျွန်တော် ခင်များတို့ကို ဒီဧည့်ခံပွဲလာဖို့ ဖိတ်လိုက်တာက သက်သေအဖြစ် ထားဖို့ပဲ။ ကျွန်တော် ... ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို ထပ်ပြီး ပိုးပန်းချင်ပါတယ်။ ကျွန်တော် သူ့ကို ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးသောအရာတွေကိုပဲ ပေးပြီး ကျွန်တော် သူ့အပေါ်လုပ်ခဲ့တဲ့ မကောင်းတဲ့အရာအားလုံးအတွက် ပြန်ပေးဆပ်မှာပါ။ ကျွန်တော် ကတိပေးတယ် ......... ဒီနေ့ကစပြီး ကျွန်တော် လူတွေကို ထပ်မရိုက်တော့ဘူး။ "

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now