စုထျန်းထျန်းက ဂုဏ်ယူစွာနဲ့ ခိုင်မြဲစွာ ထိုင်နေတာဖြစ်၏။

သူတို့နားမှာ ထိုင်နေတဲ့ လီဟောက်ကျယ်က ထိုဖြစ်ရပ်ကို မြင်လိုက်ရတဲ့အခါ မျက်လုံးတွေက အရောင်တောက်သွားသည်။

စပွန်ဆာဒက်ဒီကို ရိုက်ကွင်းက လူတွေကလည်း ရွေးချယ်မှုမရှိ ဖော်လန်ဖားရုံသာ တတ်နိုင်လေ၏ ။ သူမြတ်နိုးတဲ့ မိန်းကလေးက လူအများကြီးရဲ့ လေးစားတာကို ခံနေရတာ မြင်လိုက်တဲ့အခါ သူ့ကိုယ်သူပါ ဂုဏ်ယူမိသွားသည်။ သူမက တကယ်ကို လိမ္မာပါးနပ်ပြီး ဆွဲဆောင်မှု ရှိလွန်းတယ်။

သဝန်တိုတာထက် သူ့ကို ပိုပြီးတောင် ‌စိတ်ကျေနပ်စေလေ၏။

စုထျန်းထျန်းက ကျန်းရှန့်မေထက်တောင် ပိုခမ်းနားပြီး တင့်တယ်လွန်းတယ်။

တစ်ယောက်တည်း စိတ်ကူး‌ယဉ်နေစဉ်မှာပဲ ဝန်ထမ်းတစ်ယောက်က ပြောလာ၏။ "ဒါရိုက်တာ နောက်ဆုံးတစ်ယောက် ရောက်လာပါပြီ"

လူတိုင်းလိုလို အဝင်ဝကို လှည့်ကြည့်လိုက်ကြသည်။

လျူရှင်းလေ့က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။ "မြန်မြန် ဝင်ခဲ့စမ်း! အဲ့လောက် ‌စိတ်ကြီးဝင်ပြီး ရိုင်းစိုင်းတဲ့လူက ဘယ်သူများလဲလို့!"

ထိုအခါ မှင်သက်ဖွယ်ကောင်းလွန်းတဲ့ အမျိုးသမီး နှစ်ယောက်က တံခါးနားမှ ပေါ်လာလေ၏။

သူမတို့ရဲ့ တည်ရှိမှုနဲ့တင် အခန်းတစ်ခန်းလုံး တောက်ပသွားသည်။

သူတို့ကိုမြင်လိုက်ရတဲ့ လီဟောက်ကျယ်လည်း ရှော့ရသွား၏။

ကျန်းရှန့်မေ?

သူမက ဘာလို့ ဒီရောက်နေရတာလဲ?

ဘာလဲ သူမကလည်း အရွေးချယ်ခံထားရတဲ့ထဲက လူတစ်ယောက်လား?

လီဟောက်ကျယ်ရဲ့ မျက်နှာ မည်းမှောင်လို့သွား၏။

သူမက အခုလိုမျိုး ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးဆိုတာ သူ သိနေပြီးသား။ သေချာပေါက် သူနဲ့အတူဆိုရဖို့ ဒါရိုက်တာကို တောင်းပန်တိုးလျှိုးပြီး မေးထားမယ်ဆိုတာ သူ သိနေတယ်။

အလိုအလျောက်ပဲ သူ စုထျန်းထျန်းကို ကြည့်မိသွားသည်။ ထိုအချိန်မှာ စုထျန်းထျန်းက ပြုံးပြီး လျူရှင်းလေ့ကို ရှင်းပြနေတာ ဖြစ်၏။ "CEOလျူ စိတ်မဆိုးပါနဲ့။ သူတို့က..."

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now