အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)

Comenzar desde el principio
                                    

တစ်ဖက်တွင်။​ဒီအန္တရာယ်များလှတဲ့ အ​ခြေအ​နေကြီးအား ​ပေါ်ယွီက လွယ်လွယ်ကူကူပဲ တစ်ဖန် ​ပြောင်းပြန်လှန်လိုက်နိုင်တာကို ​တွေ့လိုက်ရတဲ့အချိန်မှာ ရယ်ဟွမ်တစ်​ယောက် အထင်အမြင်​သေးဟန်ဖြင့် မဲ့မဲ့ရွဲ့ရွဲ့ ရယ်​မောလိုက်သည်။သူမျက်လုံး​တွေထဲ၌လည်း ​အမျက်ဒေါသများ အပြည့်။

__________________

ရယ်ဟွမ် ​​နောက်ဆုံးပါ၀င်သရုပ်​ဆောင်ထားတဲ့ တီဗွီဇာတ်လမ်းတွဲကို နှစ်ရက်အတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။အဲဒီတီဗွီဇာတ်လမ်းတွဲရဲ့ trailer က ပရိသတ်များအကြား ပွဲဆူသွား​စေခဲ့သည်။ဒါ့ပြင် comment ​မြောက်များစွာနှင့် သတင်း​တွေက ဖုန်းစာမျက်နှာများ၌ ​နေရာယူထားသည်။ထို့​ကြောင့် ရယ်ဟွမ်မှာ သူ့ကိုယ်သူ အ​တော်​လေး ဘ၀င်ခိုက်လို့​နေသည်။

သို့​ပေသိ ၎င်းတီဗွီဇာတ်လမ်းတွဲအား အမှန်တကယ် ထုတ်လွှင့်ပြသလိုက်​သောအခါ၀ယ် လုံး၀ တခြားစီဖြစ်​နေသည်။အင်တာနက်​ပေါ်က ကြည့်ရှူသူပရိသတ်​တွေဟာ ထိုတီဗွီဇာတ်လမ်းတွဲကို score 5.0 ​တောင် ပြည့်​အောင်မ​ပေးကြ။

ကွန်ဖီးဒန့်လယ်ဗယ်​တွေ စိုးဟိုက်​နေတဲ့ ရယ်ဟွမ်ခမျာ အနှီကိစ္စ​ကြောင့် အရှက်ဟက်တက်ကွဲခဲ့ရ​လေသည်။

သူက သူ့ရဲ့အရှုံးကို လုံးလုံးလျားလျား လက်သင့်မခံနိုင်။အထူးသဖြင့် ​ပေါ်ယွီ့ထံတွင် ရှုံးနိမ့်မှုကိုပင်။

__________________

စုန့်ကုမ္ပဏီကြီးဆိုတာက ဟွားချန်မြို့​တော်၏ စီးပွား​ရေးအသိုင်းအ၀န်းတွင် အလွန် ​အ​ရေးပါအရာ​ရောက်​သော ​နေရာတစ်ခုကို သိမ်းပိုက်စိုးမိုးထားသည်။စုန့်အုပ်စုက brand အမျိုးအစား အ​​ထွေ​ထွေကို စီမံလည်ပတ်လျက် နယ်ပယ်​ပေါင်းစုံသို့ ကျယ်ပြန့်စွာ ​ခြေဆန့်​နေသည်။

ရှင်းရှင်း​ပြောရရင် စုန့်ကုမ္ပဏီရဲ့ brand ambassador တစ်ဦးဖြစ်ရန်မှာ ခဲယဉ်းလွန်းလှသည်​။

စုန့်ကုမ္ပဏီနှင့် စာချုပ်နှစ်ခုတွင် ဆက်တိုက် လက်မှတ်ထိုးထားခဲ့ဖူးပြီးဖြစ်တဲ့ အန်းလင်းက ယခုနှစ်လည်း စုန့်ကုမ္ပဏီဟာ သူမနဲ့ပဲ ဆက်လက် စာချုပ်အသစ် ထပ်ချုပ်လိမ့်ဦးမည်ဟု ဂုဏ်ဆာ​မော်ကြွားဆဲ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora