သူမတို့ နှစ်ယောက်လုံး သူ့အခန်းထဲသို့ တိုက်ရိုက်သွားတဲ့ တစ်လျှောက်လုံး အောင်မြင်စွာနဲ့ ဖြတ်သွားတဲ့ လမ်းမှ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့၏။

လီဟောက်ကျယ်ရဲ့ အခန်းရှေ့က ဖြတ်လျှောက်ခါနီးတဲ့အခါ ကျန်းရှန့်မေရဲ့ ခြေလှမ်းတွေက ဖြေးညင်းသွားသည်။

နင်မုန့်က ခပ်ဖြည်းဖြည်းပြုံးရင်း မေးလိုက်သည်။ "ဘာလို့လဲ? နင်သူ့ကို လက်မလွှတ်ချင် သေးဘူးလား"

ကျန်းရှန့်မေ အ‌နေနဲ့ ထိုအချိန်က ချက်ချင်း ပြန်မပြောနိုင်ခဲ့။ သူမရဲ့ မျက်ဝန်းတွေက မရေရာဖြစ်လို့နေပြီး အနည်းငယ် ဝမ်းနည်းနေပုံလည်း ပေါက်နေ၏။ "အင်း ငါနည်းနည်း လက်မလွှတ်နိုင်သေးဘူး။ ဒီမတိုင်ခင်က သူ့မှာ ပိုက်ဆံမရှိတာမို့ သူ့ရဲ့ ဂီတပစ္စည်းအားလုံးကို ငါဝယ်ပေးမယ် လုပ်တော့ သူ့ဘက်က  ငါ့ပိုက်ဆံတွေကို သုံးဖို့ တွန့်ဆုတ်နေခဲ့တယ်။ ငါ့ဘက်က သနားလို့ ပေးကမ်းတယ်လို့ သူက ထင်နေတာလေ။ နောက်တော့ သုံးရမယ့် budgetကလည်း အကန့်အသတ်နဲ့ဆိုတော့ တနိုင်ငံလုံးနှံ့အောင်သွားပြီး သူ့အတွက် အသုံးတည့်မယ့် ဈေးပေါတဲ့ဟာကို ရှာဝယ်ပေးခဲ့တာ"

ထိုသို့ပြောနေရင်းမှ ခါးသီးစွာ သူမ ရယ်လိုက်သည်။ "ထားလိုက်ပါတော့ ဘာလို့များ ငါက အစပြန်ဖော်နေရဦးမှာလဲ"

သူမ ရှေ့ကိုသာ ပြန်ကြည့်လိုက်တဲ့အခါ တစ်စုံတခုက သူမနှလုံးသားကို ညှစ်ထားသလို ခံစားလိုက်ရသည်။ ငြီးငွေ့ဖို့ကောင်းလွန်းတဲ့ နာကျင်မှုတွေက သူမရဲ့ တကိုယ်လုံးကို လွှမ်းမို့လာပြန်လေ၏။

ငါးနှစ်လုံး သူမ သူ့နဲ့ အတူရှိနေခဲ့တာမို့ အခုတော့ သူမအတွက် အလေ့အကျင့် တစ်ခုလိုဖြစ်လာခဲ့ပေပြီ။ သူမ အနေနဲ့ ဒီအမျိုးသားကို ချစ်လို့လား ဒါမှမဟုတ် သူနဲ့အတူ သီချင်းတွေ ဖန်တီးရတာကို စွဲလမ်းနေမိတာလား ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့။

ရုတ်တရက်ဆိုသလို လီဟောက်ကျယ်ရဲ့ တံခါးက အားကုန်ပွင့်လာ၏။

ထိုအချိန်မှာ ကျန်းရှန့်မေက အရှေ့ကို ကြည့်နေတာဖြစ်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now