နင်မုန့် : [တကယ်တော့ ဘယ်အနောက်တိုင်း အစားအသောက်တွေကိုမှ ကျွန်မ မကြိုက်ဘူး။ မနက်စာအတွက်ဆို တရုတ်စာကို ပိုသဘောကျတယ်။ ကော်ဖီတစ်ခွက်လောက်သောက်ပြီး ခွန်အားတွေကို မြှင့်တင်လိုက်လို့လည်း ရတယ်။ ကျွန်မ သဘောကျတဲ့ တရုတ်အစားအစာတွေထဲမှာ ပါတာက ရှောင်လုံပေါင်း၊ အီကြာကွေး၊ ပဲနို့၊ ဆန်ပြုတ် နဲ့ တရုတ်ချဉ်(A.N/ဒီကရှမ်းချဉ်လို ပုံစံပါပဲ)တို့ပါ။ အကိုကြီးရော ဘယ်လိုထင်လဲ? တကယ်လို့ နာမည်တွေက အကိုကြီးနဲ့ အဆင်မပြေတာ မရင်းနှီးတာတွေ ပါမယ်ဆိုရင်တော့ ပြန်ပြောင်းနိုင်ပါတယ်!]

ဒီတကြိမ်မှာတော့ ဆွံ့အသွားရသူက ဟော်ပေ့ချန်ဖြစ်သည်။

ခနတာ ကြာပြီးတဲ့နောက်မှာ ဟော်ပေ့ချန် ရယ်မိသွား၏။ ရုတ်တရက် ဆိုသလိုပဲ နင်မုန့်ကို စကားပြောဖို့ နည်းလမ်းကို တွေးမိသွားသည်။

ဖေးပိုင်ကို စာပြန်ပို့ပြီးတဲ့အခါ သူမဆီကို စာပြန်မပို့တော့တဲ့ ဖေးပိုင်ကြောင့် နင်မုန့် စိတ်သက်သာရာ ရစွာပဲ သက်ပြင်းချလိုက်သည်။

နာရီဝက်ကြာတဲ့အခါ နင်မုန့် တံခါးကို ခေါက်လာလေ၏။

နင်မုန့်က သတိကြီးစွာပဲ တံခါးဆီ လမ်းလျှောက်သွားလိုက်ရင်း အပေါက်ကနေ အရင် ချောင်းကြည့်လိုက်သည်။ စံအိမ်ထိန်းသိမ်းသူက အပြင်ဘက်မှာ မတ်တပ်နေတာဖြစ်၏။

"မဒမ်ရဲ့ မနက်စာ ရောက်ပါပြီ"

နင်မုန့်က တံခါးကိုဖွင့်လိုက်ရင်း သက်သောင့်သက်သာ မေးလိုက်သည်။ "ဟေး အန်ကယ်လီ! ဘာတွေယူလာတာလဲ?"

တံခါးကို အပြည့်ဖွင့်ပြီးတဲ့အခါမှာတော့ ခပ်ရှည်ရှည် ခန္ဓာကိုယ်တစ်ခုက သူမကို ဆီးကြိုလို့နေ၏။

စံအိမ်ထိန်းသိမ်းသူရဲ့ ဘေးမှာ ဟော်ပေ့ချန်က ရပ်နေတာ ဖြစ်သည်။ အရပ်ရှည်ရှည် ကိုယ်နေဟန်ထားနဲ့ ကွက်တိကျအောင် ချုပ်ပေးထားတဲ့ business suitကို ဟော်ပေ့ချန်က ဝတ်ဆင်လို့ထား၏။ ဂရုမစိုက်တတ်ဘဲ အရာအားလုံးနဲ့ ကင်းကွာနေတတ်တဲ့ သူ့မျက်ဝန်းတွေက အောက်ငုံ့လို့နေပြီး သူ ရပ်နေတဲ့ မြင်ကွင်းက လက်ကလေးနဲ့တောင် ထိဖို့တောင် မဝံ့နိုင်တဲ့ ပြီးပြည့်စုံတဲ့ ရေဆေးပန်းချီကား တစ်ချပ်နှယ် တူနေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now