“အောင်း ! ဘာလို့ ထိန်းရမှာလဲ ! ကိုယ့်ပုံစံနဲ့ကိုယ်ပဲပေါ့ ! Tankhunတို့ကတော့ ဒီလိုပဲပြောတတ်တယ် ! မကျေနပ်ဘူးလား မကျေနပ်ရင် ငါနဲ့မပြောပဲ ဟိုမျိုးမစစ်လေးနဲ့ သွားပြောနေလိုက် ! ”

စကားလုံးတွေကို နားကွဲမတတ်နားထောင်ပြီးနောက်မှာတော့ အစ်ကိုလေးဘာဖြစ်လို့ ငါ့စကားကိုပြန်ခွန်းတုံ့ပြန်လဲဆိုတာ ငါသိသွားရပြီ။ ခုနက Vegasနဲ့စကားရပ်ပြောနေတာကို အစ်ကိုလေးက မကြည်ဖြစ်နေတာပဲ။ Vegasကလည်း ပြုံးပြီးပြောနေတာဆိုတော့ ငါတို့စကားဝိုင်းကို ပျော်စရာကောင်းတယ်လို့ အစ်ကိုလေးကထင်နေတာဖြစ်မယ်။ ‘ပျော်စရာကောင်းလား’လို့ ငါ့ကိုမေးရင်တော့ အဲ့လိုမဟုတ်ပါဘူးလို့ပြောမိမှာပေမယ့် ‘ဒါဆိုပျော်စရာမကောင်းဘူးလား’လို့ ထပ်မေးလာရင်တော့ အဲ့အမေးကိုထောက်ခံပြီး ခေါင်းညိတ်ပြနိုင်မယ်မထင်ဘူး။ ဘာလို့ဆို စိတ်လှုပ်ရှားစရာတော့ကောင်းတာမို့။

ဒါပေမယ့် အစ်ကိုလေးဆီကို အဲ့လိုဖြေလိုက်လို့တော့မရတာကြောင့် အကြောင်းပြချက်ပေးရမယ့်ငါ့နှုတ်ခမ်းက ချက်ချင်းဆိုသလိုပြုံးလိုက်ရတော့တယ်။ အစ်ကိုလေးက ပြုံးပြီးသာချော့မော့စကားပြောလိုက်ရင် ချက်ချင်းစိတ်ပြန်ပြေတတ်တာမို့ အခုစကားနည်းနည်းလောက် အလိုလိုက်အကြိုက်ဆောင်ပြောလိုက်ရင် အစ်ကိုလေးစိတ်ပျော်သွားမှာအသေအချာပဲ။

“သူစကားလာပြောနေလို့ မကောင်းတတ်လို့နားထောင်နေရတာပါ အစ်ကိုလေးရာ ။ ကျွန်တော် Vegasကိုသဘောမကျတာ အစ်ကိုလေးလည်းသိတာပဲ ။ အဲ့ဒါကြောင့် ကျွန်တော့်မျက်နှာရဲလာတာပေါ့ ။ အဲ့ကောင်စကားတွေကို ကြိတ်မှိတ်သည်းခံနားထောင်လာရလို့လေ ။ အစ်ကိုလေးမယုံရင် ကျွန်တော်ဘယ်လိုလုပ်ပြရမလဲပြော ”

ငါ့စကားတွေက အလိမ်အညာတစ်ဝက်တောင်မဟုတ်ဘူး၊ အလိမ်အညာ သုံးပုံပုံရင် နှစ်ပုံလောက်ပါနေလေတယ်။ ‘Vegasကိုသဘောမကျ’ဆိုတဲ့စကားစုကတော့ အမှန်ပေါ့။ ငါမှတကယ်သဘောမကျသေးတာ။ စိတ်ဝင်စားမိရုံလေး။ ဟေး အဲ့စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်က တအားကိုကွဲပြားတာနော်။ သဘောကျတာနဲ့စိတ်ဝင်စားတာ ၊ ဒါကလုံးဝကွဲတယ် ။ စိတ်ဝင်စားမိတာနဲ့ သဘောကျတာမဖြစ်သွားဘူးလေ။ ငါက Vegasကိုစိတ်ဝင်စားရုံ။

Be My Side [COMPLETED]Where stories live. Discover now