What is Omegaverse ?

3.4K 186 18
                                    

ဒါက Omegaverseဆိုတာ ဘာလဲမသိသေးတဲ့သူတွေအတွက် ရှင်းပြချက်ပါ ။ ပီကန့်ကို တစ်ယောက်မေးထားသေးတော့လေ ။---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါက Omegaverseဆိုတာ ဘာလဲမသိသေးတဲ့သူတွေအတွက် ရှင်းပြချက်ပါ ။ ပီကန့်ကို တစ်ယောက်မေးထားသေးတော့လေ ။
---

What is Omegaverse ?

- Omegaverseဆိုတာက yaoi/bl ကြိုက်နှစ်သက်ကြသူတွေ ကိုယ်ချစ်တဲ့ယောက်ျားလေးစုံတွဲတွေကို ကလေးလေးနဲ့မြင်ချင်လို့ ဖန်တီးထားကြတဲ့ universeတစ်ခုပါ ။ ABO worldလို့လည်း ခေါ်နိုင်ပါသေးတယ် ။

- Omegaverseတွေက ဖန်တီးသူတွေစိတ်ကြိုက်မို့ တစ်ယောက်နဲ့တစ်ယောက် ယူဆပုံမတူပါဘူး ။ အဲ့ဒါကြောင့်မို့ အခြေခံအချက်အလက်တွေဖြစ်တဲ့ heat cycle တောင်မှ မတူကြပါဘူး ။ ပီကန်ကဒီမှာ သုံးလတစ်ခါလို့ဖန်တီးထားပြီး တစ်ခါဖြစ်ရင် 6-7ရက်လို့ တွေးထားပါတယ် ။
(heat cycleကဘာဆိုတာ အောက်မှာရှင်းပြပါမယ်နော်)

- အစပထမဦးဆုံးဆင်းသက်လာတာကတော့ Europe/United Statesတို့က စာရေးသူတွေ/ဖန်တီးသူတွေ ရေးသားထားကြတဲ့ werewolfဇာတ်လမ်းတွေကနေ စတာပေါ့ ။ ဝံပုလွေမျိုးနွယ်တွေထဲမှာ Alpha / Beta / Omega ဆိုပြီး အဆင့်ခွဲသတ်မှတ်ကြတဲ့ပုံစံမျိုးရှိကြတယ် ။ သူတို့မျိုးနွယ်တွေကိုက အဲ့လိုအဆင့်မျိုးတွေနဲ့ မွေးဖွားလာကြတာ ။

- အဲ့ကနေမှ ပုံစံတွေထပ်ပေါင်းထပ်ပြီး အမျိုးမျိုးပြုပြင်ဖန်တီးလာကြတော့ ဒီနေ့လိုမျိုး ခေတ်ပေါ် Omegaverseတွေအဖြစ် ပြောင်းလဲလာကြတယ် ။

- Omegaverseမှာ destined mate ဆိုပြီးလည်း ဖန်တီးတတ်ကြပါသေးတယ် ။ ကိုယ့်ရဲ့ဝိဉာဉ်ဖက်ကို အကြည့်တစ်ချက်နဲ့ အနံ့တစ်ရှိုက်နဲ့တင် သိကြတာမျိုးပေါ့ ။ အဲ့လိုသိသွားပြီဆိုရင် နှစ်ယောက်သားကခွဲမရတော့ပါဘူး ။ စစတွေ့ချင်းနဲ့တင် အိုမီဂါက heatဝင်သွားနိုင်ပြီး အယ်ဖာကတော့ အဲ့heatကာလမပြီးမချင်း အိုမီဂါနဲ့အတူနေတတ်ကြပါတယ် ။

Be My Side [COMPLETED]Where stories live. Discover now