"နင့်မှာစိတ်တန်ခိုးရှိတယ်ဆို။ ‌အသတ်ခံရတဲ့သူရဲ့ဝိဉာဉ်ကိုတွေ့မိလား?"

မိန်ကျီချင်းကခေါင်းခါသည်။

"ဟင့်အင်း၊ ငါ ဘာမှမခံစားမိဘူး။"

အကုန်လုံးမှာဝိဉာဉ်ရှိတယ်။ အသတ်ခံရတဲ့သူရဲ့ဝိဉာဉ်က ဒီလောက်မြန်မြန်ကြီးပျောက်ကွယ်သွားတာလား?

နဉ်ရှု ခေါင်းရှုပ်သွားသည်။ သူမရဲ့IQက အရမ်းနိမ့်နေတာများလား?

နှင်းကျနေတာကပိုသည်းလာပြီး သိပ်မကြာခင်မှာပင် နဉ်ရှုနဲ့မိန်ကျီချင်းမှာ နှင်းတွေနဲ့ဖုံးသွားတော့သည်။

မိန်ကျီချင်းက နဉ်ရှုကို စားပွဲတစ်လုံးဘေးမှာလူတွေအများကြီးဝိုင်းထိုင်နေတဲ့ဧည့်ခန်းထဲပြန်ဆွဲခေါ်လာသည်။

သူတို့အားလုံးက တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး လက်ရှိမှာ အခြေအနေကိုဆွေးနွေးနေကြသည်။

လူတိုင်းက ကိစ္စတွေကို ဖြည်းဖြည်းရှင်းအဖြေရှာကြမယ်ဆိုတဲ့အကြံပေးကြသည်။

"အ! ငါ ပါးစပ်အနာပေါက်နေတယ်။"

ကောင်လေးတစ်ယောက်က သူ့ပါးစပ်ကိုအုပ်သည်။

ကောင်လေးက နဉ်ရှုကိုလှမ်းကြည့်လာပြီးဆို၏။

"မိန်းကလေးတစ်ယောက်ရဲ့တံတွေးက ပါးစပ်အနာကိုကုပေးနိုင်တယ်လို့ ငါကြားဖူးတယ်။"

နဉ်ရှုကခေါင်းခါသည်။

"ဒါက သိပ္ပံနည်းမကျဘူး။"

သူမတို့က ဒီလိုအရေးကြီးတဲ့အခြေအနေမှာရောက်နေတာကို သူက ဘာလို့ အသေးအမွှားကိစ္စလေးတွေလာပြောနေတာတုန်း?

လုရှန်းရှန်းကပိုလှတာအသိသာကြီးကို သူက ဘာလို့ လုရှန်းရှန်းကို တံတွေးထွေးပေးဖို့မပြောဘဲ သူမကိုလာပြောရတာလဲ? ဒီကိုယ်ကရောလှတာလား?

သူ့ရဲ့ပျက်ချော်ချော်နိုင်တဲ့ပုံစံအရတော့ သူက အထူးတာဝန်ထမ်းဆောင်သူနဲ့စကားအချေအတင်ပြောပြီး သူမကို ထိပ်တန်းအပျက်မလို့ခေါ်တဲ့795ပဲဆိုတာသေချာတယ်။

"မင်းတံတွေးကိုငါနဲ့မျှပါလား? အနာကို လျှာနဲ့ထိမိရင် အရမ်းနာတာပဲ။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now