'အ‌ကြောင်းမကြား....ဖုန်းမခေါ်။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်မယ်လို့ မင်း‌ထင်နေလား? ဟမ့်။ ငါ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာချင်းဆိုင်တွေ့ရင် မင်းဘာပြောမလဲ ကြည့်ကြသေးတာပေ့ါ!"

နင်မုန့် အကြောင်းတွေးလိုက်ရင်း အစောက ခပ်ကြပ်ကြပ် စည်းခဲ့တဲ့ necktieကို ပြန်ဖြေလျော့လိုက်သည်။ မကြာခင်မှာပဲ သူအိမ်ရောက်သွား၏။ ကားထဲမှ ဆင်းတာနဲ့ အိမ်တည့်တည့်ကိုပဲ ဦးတည်သွားလိုက်ပေမယ့် ဧည့်ခန်းထဲမှာ ဘာမှ မရှိဘဲ လတ်လတ်ဆတ်ဆတ် ပြုတ်ထားတဲ့ ခေါက်ဆွဲတစ်ပွဲသာ ထမင်းစား စားပွဲပေါ်တွင် ရှိနေလေ၏။

ဟော်ပေ့ချန် တစ်ချက် ရပ်သွားပြီးနောက် ဖြည်းဖြည်းချင်း အပေါ်မော့ကြည့်လိုက်သည်။ ဆက်လျှောက်သွားလိုက်တဲ့အခါ ခေါက်ဆွဲပန်းကန်ဘေးမှ စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ : [ယွီရှုဥယျာဉ်က ပြန်ပြီး မွမ်းမံပြီးသွားပြီတဲ့ ဘုရင်ကြီးချန်။ ကျွန်မ အဲ့မှာနေဖို့ ပြန်သွားပြီနော်။ အတူတူ ကုန်ဆုံးခဲ့တဲ့ အမှတ်တရကောင်းတွေ အတွက် ကျေးဇူးတင်ပါတယ်!]

"...!"

ယွီရှုဥယျာဉ်ဆိုတာ သူမ နေတဲ့ တိုက်ခန်းဖြစ်သည်။

သူ့ မျက်လုံးတို့ ကျဉ်းမြောင်းသွားသည်။ လှေကားတွေကို ကျော်တက်သွားတာမို့ ၂လှမ်း၊၃လှမ်းလောက်နဲ့တင် အပေါ်ရောက်သွား၏ ပြီးတဲ့နောက်မှာတော့ သူမရဲ့ အိပ်ခန်းရှေ့မှာ ရပ်လိုက်သည်။ ဒီအခန်းက ဧည့်သည်ခန်းဖြစ်ပြီး ဘယ်သူမှ မနေခဲ့ဖူးပေ...သူမ လာနေတဲ့အချိန်မှ စသုံးတာ ဖြစ်လေ၏။

တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ အခန်းက သပ်သပ်ရပ်ရပ် ဖြစ်နေတာကို သတိထားမိသွားသည်။ သေချာ အနီးကပ် ကြည့်တဲ့အခါ ကော်ဖီစားပွဲပေါ်မှာ ပန်းရောင် စားပွဲတင် မီးအိမ်တစ်ခုရှိသည်။ ရေချိုးခန်းထဲမှာ သူမရဲ့ သွားတိုက်တံ၊ တကိုယ်ရည်သုံး ပစ္စည်းတွေ၊ ရှန်ပူ နဲ့ တခြားပစ္စည်းအနည်းငယ်ကို သေသပ်စွာ စီထားလေ၏။ ပစ္စည်းတချို့ကို ထားခဲ့ပြီး သူမ ထွက်သွားခဲ့တာ ဖြစ်သည်။

တစ်ခန်းလုံးကို ဟော်ပေ့ချန် ကြည့်ပြီးတဲ့အခါ မှာတော့ ယွီရှုဥယျာဉ်ဆီသွားရန် အိမ်ထဲမှ အလျင်အမြန် ထွက်လာလိုက်လေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now