A/N

9K 296 28
                                    

Descriptionမှာရေးထားတဲ့အတိုင်း VegasPete fanficပါ ။ နိုဗယ်ဖတ်ပြီးတော့ ဒီside coupleက ကိုယ့်ကိုအတော်လေးနစ်မြုပ်သွားစေပါတယ် ၊ ဖတ်ပြီးသွားတာတောင် ရင်ထဲကိုနာနာကျင်ကျင်နင့်နေစေတဲ့ခံစားချက်နဲ့အတူပေါ့ ။ အဲ့ဒါကြောင့်ပဲ fanficတစ်ပုဒ်လောက် ရေးဖို့ဆုံးဖြတ်လိုက်တာပါ ။

နိုဗယ်ရဲ့ရင်နာစရာတွေနဲ့မတူပဲ ချိုချိုချဉ်ချဉ်ဇာတ်လမ်းမျိုးပေါ့။ KinnPorsche fanficတွေရေးလာကြပေမယ့် VegasPete fanficတော့ သိပ်မတွေ့သေးလို့ ကိုယ်စရေးဖို့ အစပြုလိုက်တာပါ။ ကိုယ်ပဲမတွေ့တာလားတော့မသိဘူး။ အခုရေးတာ အရမ်းအရမ်းကိုကြိုက်လို့ရေးတာပါ၊ နိုဗယ်ဖတ်ပြီး နာကျင်နေတဲ့ကိုယ့်စိတ်ကိုယ် healingဖြစ်စေတဲ့သဘောမျိုးပေါ့ ။

P'Bible နဲ့ P'Buildတို့ရဲ့ဖန်ဖစ်မဟုတ်ပေမယ့် P'တို့ကိုမြင်ယောင်ပြီးဖတ်လို့ရပါတယ် ။ ဘာလို့ဆို ဇာတ်ကောင်နှစ်ခုလုံးက P'တို့နဲ့ အတော်လေးကိုလိုက်ဖက်ညီပြီး P'တို့ကလည်း အတော်လေးကိုသရုပ်ဆောင်ကောင်းနေကြတာမို့ ။ ဒီဇာတ်ကောင်နှစ်ခုကို P'တို့က အရမ်းစီးမြောနိုင်ကြတယ် ။ စီးရီးထဲမှာ နိုဗယ်ရဲ့side coupleအခန်းတွေ ပိုများများပါနိုင်ဖို့ ဆုတောင်းရမယ် ။

စကားမစပ် .. Omegaverseပါနော် !!
အိုမီဂါဗာ့တအားရူးသွပ်တဲ့ကိုယ့်အတွက် P'တို့ကိုပုံဖော်ရာမှာ အိုမီဂါဗာ့ပဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ^^

ကဲ စကားများပြီးပြီဆိုတော့ ကိုယ့်ရဲ့ VegasPete parallel worldဆီ စသွားကြပါစို့ !

- Be My Side -

13 June 2022 (Mon)

zg;





- Be My Side -

13 June 2022 (Mon)

Be My Side [COMPLETED]Where stories live. Discover now