အခန်း- ၄၁

159 7 2
                                    

စောစောစီးစီး ဘဲလ်ကမြည်နေသဖြင့်
အံ့မင်း အိပ်ချင်မူးတူးဖြင့်
တံခါးသွားဖွင့်လိုက်ရသည်။

"ဟင်....မေမေ။ အစောကြီးကို...."

ဒေါ်အံ့မင်းကလျာ၏
ပုံမှန်လှပနေသော မျက်နှာက
အနည်းငယ် ရင့်ရော်နေလေသည်။

"ခွန်းက အစတွေ ဆွဲထုတ်နေပြီလေ။
ပြီးတော့သူက မေမေ့ကို တရားစွဲဖို့ထိပါ
လုပ်ထားတယ်။"

"ကျွန်တော် အကုန်ဝန်ခံထားပြီးပြီလေ။
ကျွန်တော့ကိုဘဲ စွဲရမှာပေါ့။"

ဒေါ်အံ့မင်းကလျာက တစ်ချက် ခနဲ့သလိုပြုံးလိုက်ပြီး

"သူက တကယ်လုပ်တဲ့သူကိုဘဲ
ထိထိရောက်ရောက် အရေးယူမှာတဲ့လေ။ ဟင်း....ဟင်း။ ဒင်းက သူ့ကိုယ်သူ
သိပ်ဟုတ်လှပြီ မှတ်နေတာ။ မေမေ့ကို
သူ လျှော့တွက်လွန်းနေပြီ။"

"တော်ပါတော့ မေမေရာ။ မေမေ
သူ့အပေါ် လုပ်ထားတာတွေလည်း
အရမ်းများနေပြီ။ ပြီးတော့
ဒီနောက်ဆုံး အခေါက်ဆိုရင် လိမ်လည်မှုနဲ့
ပိုပြီးတော့တောင် ငြိသေးတယ်။
မေမေဘဲ မှားနေတာ။
တော်လိုက်ပါတော့နော်။"

"အဲ့ဒါ နင်အသုံးမကျလို့လေ။ နင်
ငါ့နောက်က အေးအေးဆေးဆေး
မလိုက်ခဲ့လို့ ခုလိုတွေ ဖြစ်ရတာ။"

အံ့မင်း သက်ပြင်းကိုသာ ချလိုက်မိသည်။

ခုချိန်ထိ အမြင်မှန် မရနိုင်သေးသော
မေမေ့ကိုလည်း သူ စိတ်ညစ်မိသည်။

"ငါက ဘယ်တုန်းကမှ အရှုံးပေးခဲ့တဲ့သူမျိုးမဟုတ်ဘူး။ အဆုံးထိသွားမှာ။ ဒါကို ဒင်း နားလည်စေရမယ်။"

"မေမေ အခုဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"

"ငါ ဘာလုပ်လုပ် နင့်ကို မပြောဘူး
အံ့မင်း။ ငါက လက်နဲ့ရေးရင် နင်က
ခြေနဲ့ဖျက်မယ့် သားမျိုး။"

"မေမေ ရပ်လိုက်ပါတော့နော်။ ကျွန်တော်တို့ ဖေဖေနဲ့ခွန်းကို တောင်းပန်ပြီး ကောင်းကောင်းမွန်မွန်ဘဲ
နေသွားကြမယ်လေနော်။"

ဒေါ်အံ့မင်းကလျာ ဟက်ဟက်ပက်ပက်
ရယ်ချလိုက်သည်။

"အံ့မင်းရယ်....။ မင်း ဘယ်လို
ကလေးအတွေမျိုး တွေးရတာလဲ...ဟမ်။ မေမေတို့ကို ခွန်းက လွယ်လွယ်ကူကူ လွှတ်ပေးမယ်လို့ ထင်နေတာလား။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now