အခန်း- ၁၆

185 8 0
                                    

ဝရန်တာပေါ်တွင် ခွန်း
အချိန်မည်မျှကြာအောင်
ရပ်နေမိသည်မသိ။ ညလေညှင်းက မနားတမ်း သူ့မျက်နှာကို
တိုးဝှေ့လို့နေသည်။

အချိန်အားဖြင့် ဇန်နဝါရီလ  တစ်ရက်နေ့‌ နံနက်သုံးနာရီ။ နှစ်သစ်တစ်နှစ်ကို
ပထမဦးဆုံး ကိုယ်စားပြုသောနေ့။

ခွန်း မျက်လုံးတို့က အိပ်စက်၍ မရဘဲ လွန်ခဲ့သော ဆယ့်နှစ်နာရီက new year ဆီသို့သာ ပျံ့လွင့်နေမိသည်။

ထိုညက ခွန်းအတွက်တော့ စိတ်လည်း အနည်းငယ် ရှုပ်ရသလို၊ စိတ်လည်း အနည်းငယ် လှုပ်ရှားရခဲ့ရသည်။

မူမမှန်တဲ့ ခံစားမှုလိုမျိုး။ ယခုအချိန် ခွန်းနှလုံးသားရဲ့ ဖြစ်တည်မှုကို
ပြောရမယ်ဆိုရင် အရည်ရွှမ်းတဲ့
သစ်သီးတစ်လုံးလိုမျိုး။
လတ်ဆတ်မွှေးပျံ့နေတဲ့
ရေမွှေးနှင်းဆီခင်းလိုမျိုး။

ခွန်း တစ်ယောက်တည်း
ရယ်လိုက်မိပြီး ခေါင်းကိုခါထုတ်လိုက်သည်။ အကြောင်းရင်းက သူ့ခေါင်းထဲသို့
အရှုပ်ထုပ်လေးတစ်ကောင်
ရောက်လာလို့ပင်ဖြစ်သည်။

ထိုအရှုပ်ထုပ်က
ထင်မှတ်မထားလောက်အောင်
သီချင်းဆိုကောင်းသည့်အပြင်
ဂစ်တာကိုလည်း ခွန်းနည်းတူ
ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။

သူ ဆိုသွားခဲ့သည့် သီချင်းက ခွန်းအကြိုက်ဆုံးဖြစ်သည့် Yao Si Ting ရဲ့ Nobody သီချင်း။

ခွန်း ထိုသီချင်းကို အကြိမ်ပေါင်းများစွာ နားထောင်ခဲ့ဖူးသည်။ နားထောင်ခဲ့တိုင်းလည်း ခွန်းရင်ဘတ်ထဲက တစ်နေရာတွင် တစ်စုံတစ်ခုကို နင့်နင့်နဲနဲ ခံစားရလေ့ရှိသည်။

ဒါပေမယ့် ထိုနေ့ညက ခွန်း
ထိုခံစားချက်မျိုး မခံစားခဲ့ရ။ သွင် intro
စဝင်လိုက်သည့် အချိန်မှာဘဲ
ခွန်းနှလုံးသားထဲသို့
ထိုအသံက စိမ့်ဝင်လာခဲ့ပြီး
ခါတိုင်းခံစားနေကျ
အေးစက်အထီးကျန်မှုမျိုး မဟုတ်ဘဲ
တစ်သိမ့်သိမ့်နဲ့ နားလည်ရခက်တဲ့
ပျော်ဝင်မှုတစ်မျိုးကို ခွန်း ခံစားခဲ့ရသည်။

ထို ပျော်ဝင်မှုက ဆွဲအားကြီးလွန်းပုံရသည်။ မရည်ရွယ်ထားဘဲနဲ့တောင် သူ့အတွက် Harmonica လိုက်ပေးလိုက်ရသည်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now