အခန်း-၂

298 10 0
                                    

နောက်နေ့မနက် သွင်တို့ စာသင်ခန်းထဲ ဝင်လာတော့ မေလင်းက ကြိုရောက်နှင့်နေသည်။

"အော်.....နင်တို့ ရောက်လာပြီလား။"

မေလင်းက ပြုံးပြီးနှုတ်ဆက်လိုက်သည်။ ဘေးနားမှ သူမသူငယ်ချင်းတွေကလည်း ပြုံးစိစိနှင့်။

သွင် သူတို့ကို ကြည့်ပြီး အနည်းငယ်တောင် ကျောချမ်းလာသည်။

"ကဲ....ခုရော ပြောလို့ရပြီလား။"

"အင်း...........မလောပါနဲ့။ ပြောမှာပေါ့။"

မေလင်းက သွင့်ကို ညစ်ကျယ်ကျယ် ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဒီလိုဟာ....ငါက ခွန်းသက်တန့်ကို သဘောကျတယ်ဟာ။ အဲ့ဒါ ငါ သဘောကျတာကို သူသိအောင်လို့ နင်
ဒီစာလေး သူ့ကို သွားပေးရမယ်။"

မေလင်းက ပြောရင်း စာတစ်စောင် သွင့်မျက်နှာရှေ့မှာ ဝှေ့ယမ်းလိုက်သည်။

"ဟမ်....စာကြီးလား။ မေလင်း
နင်ဘယ်ခေတ်မှာ နေ နေတာလဲ။"

စိုင်းခန့်က အံ့ဩစွာဖြင့် စောဒက
တက်လေသည်။

"ခေတ်က အရေးမကြီးပါဘူး။ ငါက သူများနဲ့ မတူတာတွေဘဲ လုပ်ချင်တာ။
အဲ့ဒါမှ သူက ငါ့ကို သတိထားမိမှာလေ။"

"အာ့ဆို နင်ကိုယ်တိုင် သွားပေးလေ။
အာ့မှ သူ နင့်ကို သတိထားမိမှာပေါ့။"

သွင်က နားမလည်စွာဖြင့် မေးတော့

"နိုး.....နိုး.....။ အဲ့ဒါတွေ နင် စိတ်ပူစရာ
မလိုပါဘူး။ အဓိက က ဒီစာ သူ့လက်ထဲကို ရောက်သွားဖို့ဘဲ။"

သူမက စာအိတ်လေးကို ထိုးပေးလာတော့ သွင် တုန်ယင်နေသော လက်ဖြင့် လှမ်းယူလိုက်ရသည်။

"ကဲ....ငါ့အတွက် ကြိုးစားပေးပါဦး သူငယ်ချင်းလေး။"

မေလင်းက သွင့်ပုခုံးလေးကို ဖွဖွလေးပုတ်ပြီး အတန်းထဲမှ ထသွားလေသည်။ သူမ ထွက်သွားတော့ သူမရဲ့ အပေါင်းအပါတွေပါ အလျှိုလျှို ထွက်သွားလေတော့သည်။

^ဟူးးးးးးး^

သွင် သက်ပြင်းမောကြီး ချလိုက်သည်။ ပြီးမှ အလန့်တကြားဖြင့်

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now