အခန်း- ၄

233 9 0
                                    

နေဇော်တို့ လမ်းပေါ်တွင် ဘောလုံးကန်နေသဖြင့် သွင်လည်း အုတ်ဘောင်ပေါ်တွင် ထိုင်ကြည့်နေလိုက်သည်။

လူစေ့နေသဖြင့် ထိုင်နေရင်း ကစားတာကိုဘဲ ကြည့်နေလိုက်သည်။ ဒီနေရာက
လူအသွားအလာလည်း ရှင်းသည်။
ပါကင်ထိုးသည့် ကားအစီးရေလည်း သိပ်များများစားစား မရှိသဖြင့် ကစားလို့ကောင်းလေသည်။

"သွင်.....ဒီဘက်ကို ပြန်ကန်ပေး။"

သွင် ဘောလုံးကို ဂိုးသမားဆီ ပြန်ကန်ပေးသည့် အချိန်တွင် အားပြင်းသွားသဖြင့် ဘောလုံးက ကျော်ထွက်သွားပြီး ခပ်လှမ်းလှမ်းတွင် ရပ်ထားသော ကားမီးသီးကို တည့်တည့်ကြီး မှန်သွားလေတော့သည်။

"အားးး.........သေစမ်း။"

သွင် အလန့်တကြားအော်ရင်း ကားဆီသို့ အပြေးသွားလိုက်သည်။

ကားကိုတစ်ချက်ကြည့်ရုံနှင့်ပင် မဟားတရား ဈေးကြီးမယ်ဆိုတာကို သွင်သိသည်။

မီးသီးပင် ဆိုသော်ငြား တော်တော်တော့ ပေးရပေလိမ့်မည်။

"သွင်.....အဲ့ဒါ ခွန်းသက်တန့် ကား။"

ဂိုးသမား၏ စကားကြောင့် သွင့် မျက်နှာ ရှုံ့တွသွားတော့သည်။

ထိုအချိန်မှာဘဲ ကားနားသို့ ခွန်းသက်တန့် ရောက်လာခဲ့သည်။ မရယ်မပြုံးသော မျက်နှာဖြင့် သွင့်ကို ကြည့်နေသဖြင့်
သွင့်ဘက်က အရင်ပြုံးပြလိုက်သည်။

ခွန်းသက်တန့်က အက်နေသော မီးသီးကို
တစ်ချက်စောင်းကြည့်လိုက်ပြီး
သွင့်ဘက်သို့ ပြန်လှည့်ကာ မျက်ခုံးတစ်ဖက် တွန့်ပြလိုက်လေသည်။

သဘောကတော့ ဘာလုပ်ပေးမှာလဲ
ဆိုသည့် သဘော။

သွင် လည်ပင်းနောက်ဖက်ကို လက်ဖြင့် ပွတ်သပ်ကာ

"ဟို..... ငါ မတော်တဆ ဖြစ်သွားတာကွာ။ အဲ့ဒါ အချင်းချင်းဆိုတော့
နည်းနည်းပါးပါး လျှော့လျှော့ပေါ့ပေါ့လေးများ......."

"အချင်းချင်း..."

သွင့်စကားကို ခွန်းသက်တန့်က သံယောင်လိုက်ရင်း လက်ကိုပိုက်လိုက်ကာ ကားကို မှီထားလိုက်လေသည်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now