အခန်း- ၂၃

160 6 0
                                    

သွင်တို့လေးယောက်သား
ပြန်ရောက်လာတည်းက အိပ်နေကြပြီး ညနေစောင်းမှပင် နိုးလေတော့သည်။

နိုးပြီးတာနဲ့ ဝုန်းဒိုင်းကြဲ ရေချိုးကြပြီး စားသောက်ဆိုင်ဆီသို့ မပြေးရုံတမယ် သွားလေတော့သည်။

ဆိုင်ထဲရောက်ပြီး စားပြီးသောက်ပြီးမှပင် အတော်လေး နေသာထိုင်သာ ရှိသွားသဖြင့် ယခုမှပင် စကားစပြောကြလေတော့သည်။

"သွားတုန်းကသာ မသိသာတာ။
ခုမှ ငါ့တစ်ကိုယ်လုံး ကိုက်ခဲနေတာဘဲ.......အားးး။"

စိုင်းခန့်က သူ့ပုခုံးတွေကို လက်နဲ့ထုရင်း ပြောလိုက်သည်။

အဖွဲ့ထဲမှာတော့ စိုင်းခန့်က အပျော့ဆုံးြဖစ်သည်။

"နှိပ်မနေနဲ့ စိုင်းခန့်။ မနက်ဖြန် ရေတံခွန် ဆင်းဦးမှာ။"

ဟန်လင်းပြောလိုက်သဖြင့် စိုင်းခန့်က
ရှုပ်တွသွားပြီး

"ငါ အိပ်ကျန်ခဲ့မှာ။"

"အေး...မင်းတစ်ယောက်တည်း
အိပ်နေတဲ့အချိန် မင်းကိုယ်ပေါ်က
စောင်လေးက တဖြည်းဖြည်းနဲ့
အောက်ကို လျှောကျလာပြီး
မင်းအိပ်နေတဲ့ ကုတင်ပေါ်ကို
တရွေ့ရွေ့နဲ့....."

"ဟျောင့်.....ဘုရားပေါ်မှာ ပေါက်ကရတွေ လျှောက်မပြောနဲ့။ ဘယ်လိုလုပ် သရဲရှိမှာလဲ ဘုရားမှာ။"

"ဟ....ဘုရားပေါ်မှာတော့ ရှိမလား။ ငါတို့တည်းတဲ့ ဟိုတယ်နဲ့ ဘုရားနဲ့က အဝေးကြီးလေ။"

ဟန်လင်းနှင့် စိုင်းခန့်နှစ်ယောက်
ငြင်းငုံနေစဉ်မှာဘဲ နေဇော်ရဲ့
မျက်နှာလေးက လက်ကနဲဖြစ်သွားပြီး

"ကဲ့....ဟျောင့်တွေ ငါ သွားလိုက်ဦးမယ်။
မင်းတို့ ဆက်ငြင်းထားနှင့်။"

နေဇော်က ပြောပြီး ထလိုက်ချိန်တွင်
ဟန်လင်းက ဆတ်ခနဲ နေဇော့်လက်ကို
လှမ်းဆွဲလိုက်ပြီး

"နေပါဦး....ငါ မေးပါရစေဦး။ မင်းနဲ့
အဲ့ကောင်မလေးက အိုကေသွားပြီလား။"

"ကျောက်ထပ်ကြီးမှာဘဲ ကေသွားပြီလေ။"

"ဟာ.....ဒါတောင် ငါတို့ကို လျှိုထားတယ်
ဒီကောင်။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now