အခန်း- ၃၈

166 8 0
                                    

လောဘကြောင့် ဖြစ်တည်လာသော
ဒေါသမျက်နှာတစ်ခု၏ ရှေ့မှောက်တွင်
အံ့မင်း၏ မျက်လွှာတို့ကိုသာ
တစ်ဆုံးချထားပေးလိုက်သည်။

"အံ့မင်း.....မေမေ သူ့ကို တစ်ဆုံးထိ
ရိုက်ချမယ်ဆိုတာ သားမသိတာလား။"

"......."

"သူ့ကို BoD တစ်ဖွဲ့လုံးက
စောင့်ကြည့်နေတဲ့ ဒီအချိန်မှာ ရိုက်ချလို့ အကောင်းဆုံးဘဲ သား။
ဒီထက်ကောင်းတဲ့အချိန် မေမေတို့မှာ
မရှိတော့ဘူး။"

အံ့မင်း ဘာတစ်ခွန်းမှ မပြော။
မျက်လွှာကိုချကာ ခေါင်းကိုသာ တွင်တွင်
ငုံ့ထားလေသည်။

"အဲ့ BoM revise လုပ်ထားတာကို
သားမသိဘူးဆိုတာ ဘယ်နည်းနဲ့မှ
မေမေ မယုံဘူး။"

"......."

"သူ contract ထိုးထားတဲ့ distributor
တွေနဲ့ ပြဿနာ အကြီးအကျယ်တက်မှ မေမေတို့ သူ့ကို တစ်ဆုံးထိ ဆွဲချလို့ရမှာ သားသိရဲ့သားနဲ့။ သားက ဘာကို
တွေဝေနေတာလဲ။"

"......"

"ဟမ်.....မေမေ့ကို စကားနည်းနည်း
ပြောစမ်း အံ့မင်း။"

အံ့မင်းရဲ့ မျက်လုံးတို့က
ကြမ်းပြင်မှတစ်ဆင့်
ဒေါ်အံ့မင်းကလျာဆီသို့
တဖြည်းဖြည်း ရွေ့လျားလာလေသည်။

"မေမေ အဲ့ဒီ့ company ကို
အရမ်းလိုချင်နေတာ မဟုတ်ဘူးလား။"

"အမှန်ဘဲ သား။ အဲ့ဒီ့နေရာကို မေမေ
လိုချင်နေခဲ့တာ။ အဲ့ဒါကလည်း
သားအတွက်ပါဘဲ။"

"အဲ့ဒါဆို company ရဲ့ image ကို
ဘာကြောင့် ထိုးချနေမှာလဲ။
တခြားနည်းလမ်းတွေ
သုံးလို့ရနေတာဘဲလေ။"

"အဲ့လောက်ထိ သား ခေါင်းထဲမှာ
စဉ်းစားနေစရာ မလိုဘူး။
ဘယ်နည်းနဲ့ဖြစ်ဖြစ် သူကျသွားဖို့ဘဲ။
ကျန်တာ မေမေ့နည်း မေမေ့ဟန်နဲ့
ဖြေရှင်းမယ်။"

အံ့မင်း ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။

"ဟုတ်ပြီလေ။ သားတို့မှာ
အခွင့်အရေးတွေ ရှိပါသေးတယ်။"

"သားတစ်ယောက်တည်း လှုပ်ရှားစရာ
မလိုပါဘူး။ မေမေလည်း
တစ်ဘက်ကနေ လှုပ်ရှားနေမယ်။
အပြိုင်လှုပ်လိုက်ရင်တော့ ဒင်းလည်း
မခံနိုင်ပါဘူး သားရယ်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now