အခန်း- ၂၆

160 7 0
                                    

ုိFirst Semester Exam က နီးလာပြီ
ဖြစ်သဖြင့် မပြီးပြတ်သေးသော
သင်ခန်းစာတွေအတွက် ဆရာတွေရော ကျောင်းသားတွေပါ အားထည့်လျက်ရှိကြသည်။

ထို့အတူ တစ်ဖက်မှလည်း
နှစ်ဝက်စာမေးပွဲ မဖြေခင်လေးတွင်
ကျင်းပမြဲဖြစ်သော ကျောင်းသင်္ကြန်အတွက် လှုပ်ရှားနေကြသည်။

ကျောင်းသင်္ကြန်ကိုတော့ ကျောင်းသူ/သားများသာမက ဆရာ/မများကပါ အားဖြည့်ပေးကြလေသည်။

တစ်ချို့သော မေဂျာတွေက မုန့်များလုပ်ရောင်းကြသလို၊ အချို့မေဂျာတွေက handmade လေးများ လုပ်ပြီး
ရောင်းချခြင်း၊ တဲရော့တွက်ပေးခြင်း
စသဖြင့် အသီးသီး ပျော်ပျော်ရွှင်ရွှင်
ဆင်နွှဲလျက်ရှိလေသည်။

EC major ကတော့ သင်္ကြန်နှင့် လိုက်ဖက်သွားအောင် မုန့်လုံးရေပေါ်လုံးပြီး
ရောင်းလေသည်။

မုန့်လုံးရေပေါ် ကို မေလင်းတို့က ဒိုင်ခံထိုင်ပြုပ်ပေးပြီး သွင်တို့ ယောက်ျားလေးအဖွဲ့တွေက ဒိုင်ခံလုံးပေးနေခြင်းဖြစ်သည်။

မေလင်းက မုန့်လုံးရေပေါ်ပြုပ်နေရင်းမှ ငရုတ်သီးတွေ ထည့်မလုံးဖို့ကိုလည်း
သွင်တို့ကို လှမ်းအော်ရသေးသည်။

မဟုတ်ရင် ဝယ်စားမည့် ကျောင်းသားတွေအတွက် အားနာစရာ ကောင်းလှသည်။

မုန့်လုံးနေရင်းမှ စိုင်းခန့်က သွင့်ပုခုံးကို တိုက်ပြီး တစ်ဖက်ကို မေးဆတ်ပြသဖြင့်
ကြည့်လိုက်တော့ အဆောင်(4)ထဲတွင်
ရပ်နေသော ခွန်းသက်တန့်ကို
တွေ့ရလေသည်။

ခွန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားကာ အုတ်တိုင်ကို မှီရပ်ရင်း သွင့်ရှိရာသို့ ကြည့်နေခြင်းဖြစ်သည်။

ကျိုက်ထီးရိုးမှ ပြန်လာပြီးကတည်းက ခွန်းကို ယခုမှ ပထမဆုံးအကြိမ် တွေ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်ကြားက second way ကိုလည်း ခွန်းက သိပ်အသုံးမပြုတော့ပေ။

သွင် ထလိုက်ပြီး ခွန်းရှိရာသို့ သွားလိုက်သည်။

"ဟျောင့်....မင်း ပျောက်ချက်သားတွေ ကောင်းနေတယ်နော်။ ခုရော ဘယ်လိုလုပ် ပေါ်လာပြန်တာလဲ။"

လျှို့ဝှက်သော ပင်လယ်Donde viven las historias. Descúbrelo ahora