အခန်း- ၃၂

157 7 2
                                    

ဆယ်နှစ်ခန့်ကြာသော်

.................................................................

Staff Party!

ရောင်စုံးမီးတို့နဲ့အပြိုင် ကုမ္ပဏီမှ ရာထူးအကြီးအသေးအကုန် ယခုညအတွက် မြူးနေကြသည်။

Rainbow Group ရဲ့ staff party က ဘယ်သောအခါမှ ဝန်ထမ်းတွေကို
စိတ်မပျက်စေခဲ့။

ကျွေးမွေးသည့် အစားအစာများက
ကောင်းလွန်းသည့်အပြင်၊ Give away အစီအစဉ်တွေကလည်း ရှိသေးသည်။

ပိုပြီးထူးခြားဖို့ကောင်းသည့်အချက်က
Food industry တစ်ခုကို
Rainbow Group အောက် ဆွဲသွင်းလိုက်ခြင်းပင်ဖြစ်သည်။

ထို industry ကို ကိုင်မည့် Director က
မကြာသေးခင်ကမှ နိုင်ငံခြားက ပြန်လာပြီး ယခုည staff party တွင် မိတ်ဆက်ပေးမည်ဖြစ်လေသည်။

"သွင် Director အသစ်ရောက်လာပြီး ဒီည party join တယ်လို့တော့ ပြောတယ်။ ဘယ်လိုလာမလဲတော့ မသိဘူး။"

ကိုနိုင်ကြီးက ဘီယာတစ်ခွက်မော့လိုက်ရင်း သွင့်ကို လှမ်းပြောသည်။

ကိုနိုင်ကြီးဆိုသည်မှာက ယခု Rainbow လက်အောက်သို့ ဆွဲသွင်းလိုက်သော Food Industry ၏ IT ဌာန၏ မန်နေဂျာပင်ဖြစ်လေသည်။

"ဘယ်လိုဘဲလာလာပါ။ ကျွန်တော်တို့က IT ဘဲဟာ။ အရမ်းကြီးတော့ ပြောင်းလဲမှု မရှိလောက်ပါဘူး။"

ကိုနိုင်ကြီးက ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး

"ဟိုတစ်ခေါက်က CIO တောင် ငါတို့နဲ့ လာငြိသွားသေးတယ်။ ဒါတောင် သူက director မဟုတ်သေးဘူး။"

"မစိုးရိမ်ပါနဲ့ ကိုနိုင်ကြီးရာ။ ကျွန်တော်တစ်ယောက်လုံး ရှိပါတယ်။"

ဟန်လင်းက မျက်စိတစ်ဖက် မှိတ်ပြရင်း ဘီယာကို ကောက်မော့လိုက်သည်။

"ဟား ဟား။ ခုကိစ္စတော့ မစိုးရိမ်ပါဘူးကွာ။ မင်းကိုဘဲ စိုးရိမ်ရတာ။"

"အွမ်.....ဘာလို့လဲ။"

"မင်းကို ICT လွှတ်လိုက်ရင်
ပေါ်ကိုမလာတော့လို့လေ။"

"အော်.....ဟား ဟား။
ဒါကတော့လည်း....."

ဟန်လင်းက သဘောကျစွာ ရယ်လိုက်ပြီး ပန်းကန်ထဲက ဝက်သားကို တူနဲ့ညှပ်စားလိုက်သည်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now