အခန်း- ၃၉

158 9 0
                                    

"မေမေ ဘာတွေကို
သဘောကျနေတာလဲ။"

အံ့မင်းက ကျေနပ်စွာ ပြုံးနေသော
ဒေါ်အံ့မင်းကလျာကို မေးရင်း
ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ဒီတစ်ခါတော့ ခွန်း
ဘယ်လိုဖြေရှင်းပေးမလဲ မေမေ
တကယ်သိချင်သွားပြီ။"

အံ့မင်း၏ မျက်ခုံးတစ်ဖက် အပေါ်သို့
မြင့်တက်သွားပြီး သိချင်စိတ်တို့လည်း ပြင်းပြသွားသည်။

"သားလည်း သူ့နားမှာ နေနေရတာဆိုတော့ အနှေးနဲ့အမြန် သားသိရမှာပါ။"

"ဒီလကုန်ရင် Branch KPI လည်း
ရှိနေတာဆိုတော့ သူ
ဘယ်လိုဖြေရှင်းမလဲ မေမေ
တကယ်သိချင်တယ်။"

"မေမေ အဲ့လိုတွေလုပ်ရင် ဖေဖေ
သိသွားမှာ မစိုးရိမ်ဘူးလား။"

"သား အဲ့ဒါကို စိတ်ပူစရာ မလိုပါဘူး။ သား မေမေ့နောက်က အလိုက်သင့်လေး လှမ်းခဲ့ရုံဘဲ။"

အံ့မင်းက နာရီတစ်ချက်ကြည့်လိုက်ပြီး

"သား သွားတော့မယ်။"

"အင်း....မေမေလည်း တစ်ခါတည်း
လိုက်မယ်။ ဒီနေ့ HO မှာ
ဝင်ကြည့်ပေးစရာတွေ ရှိတယ်။"

ရုံးချုပ်ကို ရောက်တော့ အချို့သော အလုပ်ကိစ္စတွေကို ဖြတ်ရင်း အံ့မင်းလည်း နေ့တစ်ဝက်လောက် အချိန်ကုန်သွားလေသည်။

အပြင်မှာ ထမင်းထွက်စားမည်လုပ်တော့
ကန်တင်းထဲသို့ လှစ်ခနဲ ဝင်သွားသော
သွင့်ကို တွေ့လိုက်ရသဖြင့် သူပါ
ထိုအထဲသို့ လိုက်ဝင်သွားလေသည်။

"သွင်"

သူ့ အသံကြားတော့ သွင်က မော့ကြည့်သည်။

သူလည်း ပြုံးပြရင်း ခုံတစ်ခုံဆွဲကာ
ဝင်ထိုင်လိုက်သည်။

"ထမင်းသွားထွက်စားမလို့။ မင်းကို
မြင်လိုက်လို့ ဝင်လာတာ။"

"အော်....မင်းလည်း ဒီမှာရှိနေတာလား။"

"အင်း...."

အံ့မင်းပြုံးရင်း ခေါင်းငြိမ့်လိုက်တော့ သွင် စိတ်မကောင်းစွာ ငေးမိသွားသည်။

ဘာဖြစ်လို့များ ဒီလိုအမြဲပြုံးနေတဲ့
ကောင်လေးနဲ့ ခွန်းရဲ့ ဆက်ဆံရေးက
မပြေပြစ်ရတာလဲ။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now