အခန်း- ၂၇

158 8 0
                                    

ခွန်း Nobody သီချင်းကို
နားကြပ်လေးနှင့် နားထောင်းနေရင်း
မကြာခင် ငုပ်လျှိုးပျောက်ကွယ်တော့မည့် နေဝန်းကြီး၏ ဆည်းဆာအလှကို
ငေးနေမိသည်။

သို့သော်လည်း ဆည်းဆာရဲ့အလှကို
ခွန်းမခံစားမိပေ။

ခွန်းအတွေးထဲတွင်
တရိပ်ရိပ်ပေါ်လာသည်က
သွင်နှင့်နောက်ဆုံး တွေ့ခဲ့ပြီး
မျက်လှည့်ဆန်ဆန် ဖြစ်သွားသည့် အဖြစ်အပျက်။

ထိုအကြောင်းအရာကို တွေးမိတော့
သူ့လက်ချောင်းတို့က နှုတ်ခမ်းပေါ်သို့
တရွေ့ရွေ့စမ်းမိပြီး ကျေကျေနပ်နပ်
ပြုံးမိသွားသည်။

အချစ်က လူကို အရိုင်းဆန်စေမှန်း
သွင်နဲ့မှပင် သိခဲ့ရလေသည်။

အရိုင်းဆန်သည့် အချစ်စိတ်ကို
နူးညံ့သည့် နှလုံးသားကလည်း
အချိန်မီ မတားဆီးနိုင်ခဲ့ပေ။

ချစ်မိပြီဟု သေချာသိပြီးနောက်မှာတော့ ခွန်း ဆက်လက် မမြိုသိပ်နိုင်တော့။

တစ်ပါးသူနောက် ပါသွားမှာကို
တွေးမိသည့် အခါတိုင်း
သူ့နှလုံးသားက မောဟိုက်လာသည်။

သူ့ ph ထဲတွင် တစ်ပုဒ်တည်းသာ
သိမ်းထားသည့် အကြိုက်ဆုံး
သီချင်းလိုမျိုး ထည့်သိမ်းခွင့်
ရှိလျှင်လည်း  ကောင်းသားဟု
တစ်ခါတစ်ခါ တွေးမိလေသည်။

ခ အပေါ်ကို အားနာမိပေမယ့် သူ
ရှေ့ဆက်လျှောက်ချင်သည်။

စတွဲကတည်းက ခ သူ့အပေါ်ကို ဘယ်လောက်ထိ ချစ်မှန်းကိုလည်း နားလည်မိသည်။

သူအမှားဆုံးက အချစ်ကို
သေချာမသိသေးသည့် အချိန်တွင်
ခ ကို လက်ခံလိုက်မိခြင်းဖြစ်သည်။

ထိုအရာက နှစ်ယောက်စလုံးအပေါ်တွင် ဆိုးရွားစွာ သက်ရောက်ခဲ့လေသည်။

လမ်းခွဲတော့မည်ဟု ဆုံးဖြတ်လိုက်တိုင်း
ခ ၏ တစ်ဖက်သတ်ဆန်သော အချစ်တို့ကို အားနာသဖြင့် ပုံမှန်အတိုင်းသာ
မျှောနေခဲ့မိသည်။

တောင်းပန်ပါတယ် ခ။

ကိုယ် မင်းအတွက် ချစ်သူကောင်း
တစ်ယောက်မဖြစ်ခဲ့တဲ့အတွက်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now