အခန်း- ၁၇

171 6 0
                                    

မေလင်းက သွင်စာရေးနေသော
အတန်းသို့ လျှောက်လာပြီး စားပွဲကို
ဖြန်းခနဲ ရိုက်ချလိုက်သည်။

မျက်နှာကြီးကတော့ အောင်နိုင်သူတို့ အပြုံးမျိုးကို ဆင်မြန်းထားလေသည်။

သွင်က မော့ကြည့်လိုက်ပြီး

"လန့်...တာ ဟာ။ မိန်းကလေးဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့။"

"အောင်..မာ။ ငါက သတင်းကောင်း
လာပြောပြတာကို။"

"ဘာ သတင်းကောင်းလဲ။"

သတင်းကောင်းဆိုသော စကားကြောင့် သွင်သာမက ဟိုသုံးကောင်ပါ
စိတ်ဝင်တစား မေလင်းပြောမည့်
အကြောင်းကို နားစွင့်လိုက်ကြသည်။

"အဟမ်း...."

မေလင်းက မပြောခင်
လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး

"ဒီလို....။ new year ညက
သွင့်သီချင်းက Grand prize
ချိတ်ခဲ့တယ်လေ........"

"ယေးးးးးးးးး"

မေလင်းစကားတောင်
မဆုံးသေးဘူး။ ဟိုသုံးကောင်က ထပြီး
အော်လေတော့သည်။

"ဟဲ့...နေဦး နေဦး။ ငါ့စကား မဆုံးသေးဘူး။"

"ဘာလဲဟ  ဆန့်တန့်ဆန့်တန့် လာမလုပ်နဲ့နော်။"

ဟန်လင်းကို မေလင်းက
မျက်စောင်းတစ်ချက်
လှမ်းထိုးလိုက်ပြီး

"IT ဘက်က popular prize ချိတ်တယ်လေ။ အဲ့ဒါ ငါတို့ IT ဘက်က Ec နဲ့လည်း ညှိပြီးပြီ။ ငါတို့ ကျောင်းသားတွေ
ခရီးထွက်ကြရင် ကောင်းမလားလို့။ အဲ့ဒါ
နင်တို့ကို လာပြောတာ။"

"ငါတို့ သဘောမတူရင် မထွက်ဘူးပေါ့။"

သွင့်ရဲ့ ကန့်လန့်စကားကို မေလင်းက သူမ၏ နဂါးမျက်စောင်းနဲ့ ချက်ချင်း တုံ့ပြန်လိုက်ပြီး

"မလိုက်ကြည့်ပါလား။ ဇက်တောင်
ပြတ်သွားဦးမယ်။ ဟွင်း....ဟွင်း။"

လည်ပင်းကို ဖြတ်မည့်ဟန်ပါ တစ်ခါတည်း လုပ်ပြလိုက်သည်။

"မေဂျာနှစ်ခုတည်း သွားမှာလား....
ခရီးက။"

စိုင်းခန့်က မရှင်းသဖြင့် ထပ်မေးလိုက်ပြန်သည်။

"အော်.....ဘယ်ဟုတ်ပါ့မလဲ။ လိုတဲ့ပိုက်ဆံ ကောက်ပြီး အကုန်ခေါ်မှာပေါ့။ မေဂျာစုံ ခေါ်မှာ မေဂျာစုံ။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now