အေးဆေးတိတ်ဆိတ်သော workshop ဆောင်ဘက်သို့ ခွန်း တရွေ့ရွေ့ လျှောက်လာခဲ့သည်။ ပုံမှန်က ကားရပ်ပြီး
ကိုယ့်အဆောင် ကိုယ်ပြန်မှာ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကို တွေ့သည်နှင့်
သူ့ခြေလှမ်းတွေက အလိုအလျောက်
ထိုလူဆီသို့ ဦးတည်မိသွားသည်။အနားသို့ လာရပ်သော ခြေတစ်စုံကြောင့် သွင် မော့ကြည့်လိုက်သည်။
"ဘာလဲ....ဘာလာခိုင်းပြန်ပြီလဲ။"
ခွန်းက သွားစွယ်လေးတွေ ပေါ်အောင် ရယ်လိုက်ပြီး သွင့်အနားမှာ
ထိုင်ချလိုက်သည်။ခွန်းရယ်လျှင်
လုံးဝကြည့်လို့ကောင်းတာကိုတော့ သွင်
ဝန်ခံသည်။ဒါပေမယ့် ဒီကောင်က
တော်တော်လေးလည်း ရယ်ခဲသည်။"မင်း ဆရာတွေက မကြပ်တော့ဘူးလား။"
"ဟား....ငါက အတန်းလစ်တာမှ
မဟုတ်တာ။ ငါ ဒီမှာ စဉ်းစားခန်း
ဝင်နေတာကွ။"ခွန်းက မျက်ခုံးတစ်ဖက် အပေါ်သို့
မြင့်တက်သွားပြီး"စဉ်းစားခန်း?"
"အင်း.... new year ညမှာ ပွဲတစ်ခု
လုပ်မှာလေ။ အဲ့ဒါ ငါ နည်းနည်း
တိုင်ပတ်နေတာ။""မင်းက သီချင်းဆိုမှာလား။"
ခွန်းက သွင့်လက်ထဲမှ ဂစ်တာကို
ကြည့်ရင်း မေးလိုက်သည်။"ခုထိလည်း တစ်ပုဒ်ကိုမှ mood
သွင်းလို့ မရဘူး။"သွင် စိတ်ရှုပ်စွာ ပြောလိုက်သည်။
ခွန်းက သွင့်လက်ထဲမှ ဂစ်တာကို
ယူလိုက်ပြီး rhythm စခေါက်လိုက်သည်။"ဟင်....အဲ့ဒါ ဟိုနေ့က မင်း
harmonica နဲ့ မှုတ်တဲ့
သီချင်းမှတ်လား။"ခွန်းက ဘာမှမပြောဘဲ rhythm သာ
ခေါက်နေသည်။သွင်လည်း မျက်လုံးတို့ကို မှိတ်ပြီး
ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။နားထောင်နေရင်းမှ ခွန်းရဲ့လက်သံကို အတော်လေး သဘောကျသွားသဖြင့်
ပြုံးမိသွားသည်။ဒီကောင်က harmonica ပိုင်းမှာလည်း တော်သလို၊ guitar ပိုင်းမှာလည်း အတော်လေး လက်စွမ်းထက်လေသည်။
သူ့လက်သံက သွင့်ထက်
လုံးဝမညံ့တာတော့ သေချာလေသည်။
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။