အခန်း- ၁၈

166 6 0
                                    

software ဆိုင်ထဲတွင် လိုချင်သော
အခွေများကို လှည့်ပတ်ရှာပြီး
စိတ်ကျေနပ်မှု ရှိသွားတော့မှ ပိုက်ဆံရှင်းရန် ကောင်တာဆီသို့လာခဲ့လိုက်သည်။

ထိုစဉ် တစ်စုံတစ်ယောက်က
စူးစူးစိုက်စိုက် ကြည့်နေသလို
ခံစားလိုက်ရသဖြင့်
နောက်လှည့်ကြည့်လိုက်တော့ ထိုလူက
ပြုံးပြပြီး သူ့ဆီသို့ လာနှုတ်ဆက်သည်။

"ကျွန်တော်တို့ တွေ့ဖူးတယ်နော် သွင်။"

သွင် ပြုံးပြလိုက်ပြီး ခေါင်းတစ်ချက်
ငြိမ့်ကာ

"ကျွန်တော် bro နာမည်တော့ မသိဘူး။"

ထိုလူက အလွန်အမင်း
နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေလိုက်ပြီး

"ကျွန်တော့် နာမည် အံ့မင်းမောင်ပါ။
အံ့မင်းလို့ဘဲ အလွယ်ခေါ်လို့ရပါတယ်။"

"ဘာမှမစားရသေးရင် တစ်ခုခု သွားစားရအောင်လေ။ ခွန်းလိုဘဲ ကျွန်တော့်ကိုလဲ သူငယ်ချင်းလို ပေါင်းလို့ရပါတယ်။"

ထိုလူ့စကားကို ခွန်းတုံ့ပြန်မနေဘဲ သွင်
ပြုံးရုံသာပြုံးနေလိုက်သည်။
ခွန်းနဲ့သူနဲ့က သူငယ်ချင်းလို့ဘဲ
ပြောရမလား။ ဘယ်လို ပြောလို့ပြောရမှန်းကို မသိတဲ့ အဆင့်ပါ။

"သွင် ဘယ်ဆိုင်မှာ ထိုင်ချင်လဲ။"

"ဟင်....အင်း ရတယ်။ bro ကြိုက်တဲ့ဆိုင် ထိုင်။ ကျွန်တော်က ဘာလာလာ ဒေါင်းတယ်။"

သွင့် အဖြေကြောင့် နှစ်ဦးသား
ပေါ့ပေါ့ပါးပါး ရယ်မိသွားကြသည်။

တရုတ်စာတွေ ရောင်းသည့် ဆိုင်မှာဘဲ ထိုင်ဖြစ်သွားကြသည်။

သွင်က ကြက်ပေါင်းဆီချက်တစ်ပွဲနှင့်
စတော်ဘယ်ရီမစ်ရှိတ် တစ်ခွက် မှာပြီး
အံ့မင်းက ထမင်းပေါင်းတစ်ပွဲနှင့်
လိမ္မော်ရည်တစ်ခွက် မှာလိုက်သည်။

သွင့်ရှေ့ စတော်ဘယ်ရီမစ်ရှိတ်
ရောက်လာတော့ အံ့မင်းက
စူးစူးစိုက်စိုက် ကြည့်နေပြီး

"စတော်ဘယ်ရီကို ကြိုက်လို့
သောက်တာလား။"

"အင်း....လုံးဝကြိုက်တာ။ ကျွန်တော်က စတော်ဘယ်ရီတောထဲက ထွက်လာတဲ့ ကောင်လေ။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now