အခန်း- ၂၂

163 7 0
                                    

အခန်းပြင်သို့ ထွက်လိုက်တော့
အေးစိမ့်စိမ့် လေထုနှင့်
ပက်ပင်းတိုးလေတော့သည်။
သို့သော်ငြား ထိုလေအေးလောက်ကို
သွင်တို့လို တောင်ပေါ်သားတွေက မမှု။

အားလုံး ပေါ့ပေါ့ပါးပါး တီရှပ်တွေသာ ဝတ်ဆင်လာခဲ့ကြသည်။

အပြင်ဘက်သို့ရောက်သွားတော့
ခွန်းတို့နှင့် ဆုံမိလေသည်။

"ဟာ....မင်းတို့ကောင်တွေ မအိပ်ကြဘူးလား။"

ဟန်လင်းက အပြင်မှာ ထိုင်နေသော ထိုသုံးယောက်ကို အံ့ဩပြီး မေးလိုက်သည်။

"အိပ်ချင်စိတ်မှ မရှိတာကွာ။"

လွင်ထက်က ရာသီဥတု အေးနေသဖြင့် လက်နှစ်ဖက်ကို ပိုက်ကာ
ကိုယ်ကိုကြုံ့ရင်း ပြန်ဖြေလိုက်သည်။

"မင်းတို့ ဘယ်သွားကြမလို့လဲ။"

အောင်ရဲက ဟန်လင်းကို ပြန်မေးလိုက်သည်။

"အော်...အေး အတော်ဘဲ ဟျောင့်တွေ။ ကျောက်ထပ်ကြီး သွားမယ်။ လိုက်ခဲ့ကြ။"

သိပ်မလိုက်ချင်ရှာသော
ထိုသုံးယောက်လည်း ဟန်လင်း
ခေါ်ဆောင်ရာနောက်သို့
လိုက်ခဲ့ကြလေသည်။

မေလင်းတို့နှင့် ချိန်းထားသည့်
နေရာရောက်တော့ မိန်းကလေးတစ်ဖွဲ့လုံး အံ့ဩခြင်း၊ ဝမ်းသာခြင်း၊ မယုံကြည်ခြင်း
စသော စိတ်ခံစားမှုပေါင်းစုံကို တစ်ပြိုင်တည်း ခံစားရကုန်သည်။

အကြောင်းရင်းကတော့ နတ်ဘုရားတစ်ပါးနှယ် ချောမောခန့်ငြားသော
ခွန်းသက်တန့်က ကာကီရောင်ရှပ်ကို
ဂျင်းတစ်ထည်နှင့် ပေါ့ပေါ့ပါးပါး
တွဲဖက်ဝတ်ဆင်ထားသဖြင့် အာရုံဦး၏ နတ်သားတစ်ပါးအနှယ် ထင်ရှားနေလေသည်။

ထိုမျှမကသေး။ ထိုနတ်သားက သူမတို့နဲ့ တစ်ခရီးတည်း သွားဦးမည်ဆိုတော့
ရင်ထဲမှာ ဝမ်းသာပီတိ ဂွမ်းဆီထိကာ
အရာအားလုံးက အိပ်မက်ပမာပင်
ဖြစ်နေပေလိမ့်မည်။

ထိုအထဲတွင် မေဖြူလည်း ပါနေသဖြင့် နေဇော်က သူရှိသေးတယ်နော် ဆိုသည့်အထာဖြင့် မေဖြူ့နားသို့ သွားရပ်လေသည်။

"သွားမယ်လေ။ ဘာတွေ တွတ်ထိုးနေပြန်ပြီလဲ.....နင်တို့တွေ။"

"ဟဲ့....ငါတို့သဘောကျတဲ့သူက ငါတို့နဲ့ပါလာလို့ ပျော်တာ။ ဘာဖြစ်လဲ။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now