အခန်း- ၁၉

153 6 0
                                    

"သွင်....မင်းကို တွေ့ချင်နေတဲ့သူ
ရှိတယ်။"

Ec ရဲ့စကားကြောင့် ဟိုကောင်တွေနဲ့
တွတ်ထိုးနေရာမှ ရပ်လိုက်ပြီး
အတန်းပြင်ကို ကြည့်လိုက်တော့
သွင် အနည်းငယ်
အံ့ဩသွားလေသည်။

အတန်းပြင်ကို ထွက်လိုက်ပြီး

"bro ဘယ်လိုလုပ် ရောက်လာတာလဲ
ဒီထိတောင်။"

အံ့မင်းက maplap ခွေလေးကို
ထောင်ပြလိုက်ပြီး

"ဒီပစ္စည်းလေးကို ကျေးဇူးတင်ရမယ်။
သူ့ကြောင့် မဟုတ်ရင် ကျွန်တော် သွင့်ကို
လာတွေ့လို့ ရမှာ မဟုတ်ဘူး။"

သွင်က အခွေလေးကို လှမ်းယူလိုက်ပြီး

"ကျေးဇူးပါဗျာ။ ကျွန်တော် ပြန်ဝယ်ဖို့တောင် စဉ်းစားပြီးသွားပြီ။"

"ကျေးဇူးက ဒီလိုဘဲ တင်မှာလား။"
အံ့မင်းက ပြုံးစိစိ ပြောနေသဖြင့်

"ဟား ဟား။ ဒီလိုတော့ ဘယ်ဟုတ်မလဲ။ လာမှာပေါ့ ခုဘဲ လာမယ်။"

သွင် အခန်းပြတင်းပေါက်ကနေ
ဟိုကောင်တွေကို ကန်တင်းသွားမယ့်အကြောင်း မှာခဲ့ရင်း အံ့မင်းကို
ကန်တင်းသို့ ခေါ်သွားလေသည်။

သွင်နဲ့ အံ့မင်းတို့ တစ်ဝိုင်းထိုင်နေစဉ်မှာဘဲ ခွန်းလက်ကို ချိတ်ပြီး နေခရေနွယ်က
ကန်တင်းထဲသို့ ဝင်လာလေသည်။

သူတို့နှစ်ယောက်ရဲ့ တွဲဖက်မှုက လွန်စွာလိုက်ဖက်သဖြင့် ကန်တင်းထဲက ရှိရှိသမျှ လူအကုန် ထိုနှစ်ယောက်ကို မကြည့်ဘဲ
မနေနိုင်။

အံ့မင်းက နေခရေနွယ်ကို တွေ့တော့ ပြုံး၍ လက်ပြလိုက်သည်။

နေခရေနွယ်ကလည်း ပြန်၍လက်ပြလိုက်ပြီး အံ့မင်းတို့ ထိုင်နေသည့် ဝိုင်းမှာဘဲ ဝင်ထိုင်လိုက်သည်။

တစ်စုံတစ်ရာ ငြင်းဆန်ခြင်းမရှိဘဲ ပကတိအေးဆေးစွာ လာထိုင်သော ခွန်းကို
အံ့မင်း အံ့ဩစွာ ကြည့်လိုက်မိသည်။

ပုံမှန်ဆိုရင် ခွန်းက သူ့ကို
မျက်နှာချင်းဆိုင်ဖို့တောင်
ခါးသီးလွန်းတယ်လေ။

"အံ့မင်း နင်က ဒီကျောင်းတောင်
နယ်ကျော်ပြီး ရောက်လာတယ်ပေါ့လေ။
ပြီးတော့ ဒီအရူးကောင်နဲ့ရော ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်သွားရတာလဲ။"

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now