လီဟောက်ကျယ် စိတ်လှုပ်ရှားသွားပြီး စုထျန်းထျန်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ထျန်းထျန်း မင်း ငါ့ကို နားလည်မယ်ဆိုတာ သိသားပဲ!"

"ဟင့်အင်း ဒီလို မလုပ်...."

စုထျန်းထျန်းရဲ့ သက်သောင့်သက်သာ မဖြစ်မှုကို တွေ့လိုက်တဲ့အခါ လီဟောက်ကျယ် အလျင်အမြန်ပဲ သူမ လက်ပေါ်မှ သူ့လက်တွေကို ဖယ်လိုက်ပြီး "တောင်းပန်ပါတယ်....ငါ ခုနက စိတ်လှုပ်ရှားသွားတာနဲ့...."

စုထျန်းထျန်းက သက်သာရာ ရသွားဟန်နဲ့ သက်ပြင်းချလိုက်ပြီး "မဟုတ်တာ လက်ကိုင်တာက ကျွန်မ အတွက် အဆင်ပြေပါတယ်။ မစ္စကျန်း စိတ်မကောင်းဖြစ်သွားမှာကိုသာ ကျွန်မ ကြောက်မိတာ။ တကယ်လို့ သူမသာ စိတ်မကောင်းဖြစ်သွားရင် ရှင့်ရဲ့ နေ့ရက်တွေကလည်း ပျော်ရွှင်စရာ ကောင်းတော့မှာ မဟုတ်ဘူးလေ"

ထိုသို့ ကြားတဲ့အခါ လီဟောက်ကျယ်က ဒေါသထွက်စွာနဲ့ အံကြိတ်လိုက်ပြီး "ထျန်းထျန်း ငါ သူမကို ထပ်ပြီး သီးမခံနိုင်တော့ဘူး! သူမက အမြဲတမ်း ရုပ်ဆိုးဆိုး မိတ်ကပ်တွေ လိမ်းပြီး ငါသွားတဲ့ နေရာမှန်သမျှ လိုက်တွယ်ကပ်နေတာ။ သူမ အနားမှာဆို လေကောင်းလေသန့်လေး ရအောင်တောင် မရှူနိုင်ဘူး ငါ သူမအနားမှာ မနေချင်တော့ဘူး!"

"အဲ့လို မပြောပါနဲ့ သူမက ရှင့်အချစ်ဆုံး ‌လူလေ...."

"ထျန်းထျန်း ဒါက သူများတွေ လျှောက်ပြောတဲ့စကား သက်သက်ပဲ အမှန်မဟုတ်ဘူး။ မင်း သဘောပေါက်ရဲ့လား? ငါ ချစ်တဲ့ မိန်းကလေးက....မင်းပဲ!"

"ဒါပေမယ့်....ကျွန်မတို့ အတွက်က နည်းနည်း နောက်ကျနေပါပြီ....ဒီအကြောင်း မပြောကြရအောင်ပါ ဟုတ်ပြီလား?"

"ဟုတ်ပါပြီ ငါရပ်လိုက်ပါ့မယ် ဒါပေမယ့် ငါ့ အကူအညီကိုတော့ မငြင်းလိုက်ပါနဲ့နော် အိုကေ?"

"ရှင် ကျွန်မအတွက် အဲ့လောက်ထိ လုပ်ပေးဖို့ မလိုပါဘူး"

ပျစ်ချွဲနှပ်ချွဲ dramaမြင်ကွင်းကို ဆွံ့အစွာ ကြည့်လို့နေရင်းသာပဲ နင်မုန့် အော့အန်ချင်သွားသည်။

ဒီ စုထျန်းထျန်းက....မပြတ်မသား ပုံရိပ်ကို ပြသလို့ နေပြီး ထိုအရာက လီဟောက်ကျယ်လို ရိုး အ သူအဖို့ ပျော်ဝင်သွားဖို့ လုံလောက်လေသည်။ တော်တော် မရိုးသားတဲ့ ကြာပန်းဖြူမ[1]!

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now