အခန်း(၃၅)

872 58 6
                                    

၀င်ကစွပ်ပုံပြင်🍃
အခန်း(၃၅)

🍃🍃🍃🍃

" ဆေးရုံဆင်းလို့ရပြီတဲ့မာမီ.."

သမီးလေးကဆေးထုပ်လေးကို‌ဆွဲခြင်းထဲထည့်ပြီးအခန်းထဲကပစ္စည်းတွေအားလုံးကိုသိမ်းဆည်းနေသည်

သမီးလေးမျက်နှာလေးကခံစားချက်မဲ့နေသလိုပါပဲ...
သူမကလည်းစုတ်ပြတ်လွန်းတဲ့တောရွာမှာမနေနိုင်လွန်းလို့ဖြူ့ကိုတောင်းပန်ပါမယ်လို့သမီးကိုကတိပေးပြီးလိုက်လာခဲ့တာ...
စိတ်ထဲမှာတော့ဒီလိုလုံး၀မဟုတ်ပါ...
သမီးကိုဘယ်လိုငြင်းရပါ့မလဲ...

" မာမီဇလပ်ဖြူကိုမတောင်းပန်နိုင်ဘူး.."

အ၀တ်တွေထည့်နေတဲ့ဆူးလက်ကလေးရပ်တန့်သွား၏
မေမေထိုင်နေတဲ့ကုတင်စွန်းမှာ၀င်ထိုင်လိုက်သည်

" မဖြစ်ဘူးမေမေ..မေမေအဲ့လိုတွေအတ္တကြီးခဲ့လို့ခုဖေဖေဘာဖြစ်သွားခဲ့လဲ ဆူးရောဘယ်လိုနေရာမှာနေနေရလဲ မေမေကြားနေမြင်နေလျက်နဲ့ခေါင်းမမာပါနဲ့တော့..."

" မာမီလုပ်ခဲ့တာအားလုံးငါ့မိသားစုအတွက်ပဲ ဒုက္ခတွေရောက်ကြတော့မှမာမီ့ကိုလွှဲမချနဲ့.."

" ကိုယ့်တစ်ဖတ်တည်းကြည့်ပြီးမာမီလုပ်ခဲ့တာတွေကိုကမှားနေခဲ့တာ...ဆူးသာသိခဲ့ရင်အားလုံးကိုတားဆီးခဲ့မှာပါ..အချိန်လွန်မှသိရတော့လည်းဆူးတတ်နိုင်သလောက်ကာကွယ်ပေးခဲ့တယ်လေ အခုဆူးတကယ်ပဲမတတ်နိုင်တော့ဘူး တော်ပါတော့မေမေရယ် ဖြူ့ကိုတောင်းပန်လိုက်ပါ.."

" အို..ဘာမှတောင်းပန်စရာကိုမလိုဘူး..သူကနောက်ဆုံးထိအနိုင်ရသွားတာပဲ..နက္ခတ်ကိုတန်းတန်းစွဲအောင်ဆွဲဆောင်ပြီးလေးနှစ်လောက်ကိုယ်ယောင်ဖျောက်နေခဲ့တာ...ဇလပ်ဖြူကလည်းသူထောင်ကျမှဆိုးလို့မာမီတို့ပြောတာကိုလက်ခံတယ် ... မာမီတို့ဘက်ကလည်းသူ့အမေကိုအများကြီးထောက်ပံ့ကူညီခဲ့တာပဲ...ဘယ်သူ့ဘက်မှာမှမတရားခဲ့တာမရှိဘူး...အခုသူကနက္ခတ်ရဲ့အိမ်ပေါ်ကိုတောင်ရောက်နေပြီပဲ...သူနိုင်နေတာကိုမာမီကဘာလို့တောင်းပန်ရမှာလဲ.."

နောက်ဆုံးအချိန်ထိအတ္တကြီးလွန်းတဲ့မာမီ့ကိုကြည့်ရင်းဆူးမျက်ရည်တွေကျလာသည်
" မာမီဆူးကိုမသနားဘူးလား...ဆူးလေ..."

၀င်ကစွပ်ပုံပြင်Where stories live. Discover now