အခန်း(၈)

457 24 2
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၈)

🐚🍃🐚🍃

" အဖိုး သူကဘာလို့ခုထိသတိမရသေးတာလဲ"

" သူ့ခေါင်းကိုထိထားတာနည်းနည်းနက်တယ်လေ.."

" ဇာတ်ကားထဲကလိုအတိတ်တွေဘာတွေမေ့ကုန်တာများလား.."

" ဘယ်သိမလဲကွ..နိုးလာမှမေးကြည့်ရမှာပေါ့..ဒါပေမယ့်သူသတိရလာလည်းသူ့ခြေထောက်တွေကပြန်ကောင်းဦးမှာမဟုတ်ဘူး..ခေတ်မှီဆေးဝါးတွေနဲ့ဆိုရင်တော့မပြောတတ်ဘူးပေါ့ကွာ"

ရွာထဲမှာဆေးကုပြီးပြန်လာတဲ့အဖိုးက‌ေဆးအိပ်ကိုအိမ်ထံရံကသံချပ်တွငိချိတ်၍ဆေးလိပ်မီးညှိပြီးအိမ်ရှေ့ကကွပ်ပျစ်ပေါ်ကိုပြန်ဆင်းသွား၏
စိုင်းဇာနည်..ရှေ့တည့်တည့်မှာအိပ်စက်နေသည့်သူမမျက်နှာလေးကိုကြည့်မိသည်
ဘာအလှအပမှမဖြည့်ထားတာတောင်အတော်လှသည့်မျက်နှာကလေး..အသားလေးကဖြူနုနေပြီးဆံပင်တွေကလည်းနူးညံ့ဖြောင့်ဆင်းနေသည်
နုဖတ်ရှင်းသန့်နေတဲ့ပုံစံအရသူဌေးသမီးလေးမှန်းသိသာသည်..

ဒီလိုမိန်းကလေးကဘာအကြောင်းရှိလို့မြစ်ထဲကိုခုန်ချရတာလဲ...
ခေါင်းမှာတစ်ခုခုနဲ့စောင့်မိသလိုဒဏ်ရာရလာတာကြောင့်တစ်ယောက်ယောက်ကများလုပ်ကြံလိုက်တာလား...

လွန်ခဲ့တဲ့တစ်လကမြစ်ထဲမှာသူငယ်ချင်း‌ေတွနဲ့ငါးသွားမြှားရင်းမြစ်ရေစီးကြောင်းအတိုင်းမျောလာတဲ့ဒီမိန်းကလေးကိုသူတွေ့ခဲ့တာ...ညမိုးချုပ်ကာနီးဖြစ်သည့်အပြင်လူသူကင်းရှငိးနေချိန်မို့သူတစ်ယောက်တည်းသာရှိနေပြီးသူမလေးကိုဆယ်ယူခဲ့သည် ခေါင်းမှာလည်းဒဏ်ရာရနေပြီးတစ်ကိုယ်လုံးကအေးစက်၍နူတ်ခမ်းလေးတွေပါပြာနေတာကြောင့်အသက်မဲ့နေပြီလို့တွေးမိပြီးနောက်ဆုံးတစ်ကြိမ်အတည်ပြုဖို့သူမရင်ဘတ်မှာနားနဲ့ကပ်၍နှလုံးခုန်သံကိုနားထောင်မိချိန်ဒုတ်ခနဲတစ်ချက်ခုန်သွားတာကြောင့်သူကယ်တင်ခဲ့လိုက်တာ...
ဒါပေမယ့်သူရွာထိတော့သူခေါ်မလာခဲ့ပါဘူး...
အဲ့ဒီတုန်းကတော့သူ့ကားပေါ်ဘယ်လိုဂောက်နေခဲ့မှန်းမသိ..

အရှေ့ဘက်ရွာကိုရောက်တော့မှကားထဲမှာသူမ ပါလာမှန်းသိခဲ့ရသည် သေချာစဉ်းစားကြည့်တော့မှဟိုကလေးကသူ့ကားနဲ့ဆေးရုံတင်ပေးမယ့်ကားနဲ့မှားပြီးတင်ခဲ့လို့ပါလာခဲ့တာ..

၀င်ကစွပ်ပုံပြင်Where stories live. Discover now