အခန်း(၂၁)

433 23 0
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၂၁)

🐚🍃🐚🍃

ဖွင့်ပွဲနေ့ညကဖြူ့ကိုမမဆူးအမှတ်နဲ့လက်ထပ်ခွင့်တောင်းပြီးကတည်းကကိုနက္ခတ်ကဖိလစ်ပိုင်ကိုခရီးထွက်သွားခဲ့တာ တစ်ပတ်ကျော်ကြာလာခဲ့ပြီ...
ညတိုင်းဖြူ့ဆီဖုန်းခေါ်ပေမယ့်တမင်မကိုင်ဘဲထားခဲ့သည် ဖြူကိုယ်တိုင်လွမ်းနေမိတာမှန်ပေမယ့်မကြာခင်သူ့ကိုစွန့်လွှတ်ရတော့မည်မဟုတ်လား...
ဖုန်းနှစ်ကြိမ်ခေါ်လို့မှမကိုင်ရင်တကယ်မအားတာဘဲလို့မှတ်ယူတတ်သည့်သူ့အကျင့်ကြောင့်ဖြူ့ဘက်ကသူ့ဖုန်းကောလ်နှစ်ခုလက်လွှတ်ခံလိုက်တာနဲ့သူကလည်းဖုန်းဆက်မခေါ်တော့ပါ...
စာပို့ထားတာတွေရှိပေမယ့်ဖြူ၀င်ကြည့်ပြီးပြန်မပို့ဘဲထားခဲ့သည်

အန်တီခိုင်တို့ကမမဆူးကိုပြန်ခေါ်လာပြီးကိုယ်ပိုင်ဆေးရုံမှာတိတ်တဆိတ်ရောဂါကုသစေသည်
မမဆူးကအက်ဆီးဒင့်တစ်ခုကြောင့်လမ်းမလျှောက်နိုင်ဘူးဆိုတာလည်းမမဧကရီဆီကပြန်ကြားခဲ့ရသည်
အခုဆေးရုံမှာမမဆူးရဲ့ခြေထောက်တွေကိုပုံမှန်ပြန်ဖြစ်စေဖို့ကုသပေးနေကြတာတဲ့...

ဖြူ့ဘက်မှာလည်းတာ၀န်တစ်ခုပိုလာခဲ့သည်
မမဆူးခြေထောက်တွေပြန်မကောင်းမချင်းကိုနက္ခတ်ကိုအချိန်ဆွဲထားဖို့...

" ဖြူ..အန်တီခိုင်းတို့ကစကားပြောစရာရှိလို့တဲ့ စံအိမ်ကိုပြန်လာခဲ့ဖို့ဖုန်းဆက်တယ်..."

ဖြူကုမ္ပဏီမှာရှိနေတုန်းအိမ်ကိုပြန်လာဖို့ခေါ်ခိုင်းတာကြောင့်အချိန်ဇယားတွေအားလုံးကိုရွေ့၍ပြန်လာခဲ့ရသည်
စံအိမ်မှာအန်တီခိုင်းရော ဦးဇော်ရောရောက်နေကြသည်

" ထိုင်ဦးသမီး..ဦးတို့ပြောစရာရှိတယ်.."

" အခုပဲနေနက္ခတ်ကဖုန်းဆက်တယ် သမီးနဲ့သူ့ရဲ့မင်္ဂလာပွဲကိုနောက်လထဲမှာကျင်းပမယ်တဲ့..သူကအားလုံးစီစဉ်ပြီးနေပြီ ဦးတို့ကိုသတိပေးရုံပေးတာ...သမီးလည်းသိပြီးသားပဲဆို.."

" သူစီစဉ်ထားတာကိုတော့ဖြူမသိပါဘူး ဒါပေမယ့်ဖြူ့ကိုတော့လက်ထပ်ခွင့်တောင်းထားပါတယ်.."

" အဲ့ဒါကိုမင်းကဘာဖြစ်လို့ငါတို့ကိုချက်ချငိးမပြောရတာလဲ..မင်းကသူ့သတို့သမီးဖြစ်မယ်ထင်လို့လက်ခံလိုက်တာလား..."

၀င်ကစွပ်ပုံပြင်Where stories live. Discover now