အခန်း(၂၅)

609 35 5
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၂၅)

🐚🍃🐚🍃

ကားကတုံ့ခနဲရပ်သွားလို့လှည့်ကြည့်လိုက်တော့ရှောလ်ပင်မောလ်အကြီးကြီးတစ်ခုခုရှေ့မှာဖြစ်နေသည်
Red Dreamဆိုတာကိုလှမ်းမြင်လိုက်တာကြောင့်ဒါကလည်းသူပိုင်တာမှန်းသိလိုက်သည်

" ကို ၀ယ်စရာရှိလို့လား.."

" အင်း.."

" ဒါကိုယ်ပိုင်တာမလား..၀န်ထမ်းတစ်ယောက်ယောက်ကို၀ယ်ခိုင်းလိုက်လေ..."

" ကိုယ်တိုင်ပဲ၀ယ်‌ချင်တာ..."

ဖြူ့ကိုသူကိုယ်တိုင်းတပ်ပေးထားတဲ့ခါးပတ်ကြိုးလေးကိုပြန်ဖြုတ်ပေးရင်းပါးတစ်ဖတ်ကိုလည်းနမ်းသွားသေးသည်

၀ယ်စရာရှိလို့ဆိုပြီးဖြူ့လက်လေးတစ်ဖတ်ကိုကိုင်၍cosmaticsကောင်တာ‌ထဲကို၀င်သွား၏

" ဘာအလိုရှိပါသလဲရှင်.."

" Dior lip stickပြပေးပါ.."

သူကဒါတွေလည်းသိနေတာပဲလား....
အထင်ကြီးစိတ်လေး၀င်နေမိတုန်းသူကဖြူ့ကိုလှမ်းကြည့်သည်

" မင်းနဲ့ဆိုဘာရောင်လေးလိုက်မလဲ.."

" ဟင်!ဆူးအတွက်လား.."

" အင်းလေ..ကို ကဆိုးစရာလားလို့.."

ဆူးနူတ်ခမ်းလေးပွင့်ဟနေတာကိုကြည့်ပြီးသူ့ကလက်ဖျားလေးကိုဖျစ်ကိုင်သည်

" အူကြောင်ကြောင်ပုံလေးမလုပ်နဲ့နော် နမ်းမိလိမ့်မယ်.."

" ဒီမှာပါရှင့်..ဒါကနောက်ဆုံးထွက်တဲ့collectionပါ.."

" စိုစိုလေးဆိုပိုလိုက်မှာဆိုတော့ lip glowထဲကကြည့်မယ်

တစ်ရောင်ပြီးတစ်ရောင်ဆူးနူတ်ခမ်းမှာစမ်းသပ်ပေးနေဝာာ၀န်ထမ်းတွေကတောင်ပြုံးစိစိကြည့်နေကြပြီ
" ဒါလေးကမင်းနဲ့ပိုလှတယ် က်ြုက်တယ်မလား"

" အင်း.."

သူများတွေကြည့်နေတာရှက်လို့ပြီးစလွယ်ပဲခေါင်းငြိမ့်လိုက်သည်
" Ok ဒါလေးယူမယ် cherry colour.."

"အရောင်စွဲမယ့်အမျိုးအစားရှိလား.."

" lip Tattoo ရှိပါတယ်.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now