အခန်း(၂၈+၂၉)

770 42 2
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၂၈+၂၉)

🐚🍃🐚🍃

အင်တာဗျူးအောင်တဲ့အကြောင်းဖုန်းဆက်ပြောပြီးကတည်းကဖြူစိတ်နဲ့လူနဲ့မကပ်တော့ပါ...
အင်တာဗျူးမေးတဲ့သူကနေနက္ခတ်ဖြစ်နေတာနဲ့တင်ဖြူကဒီအလုပ်ကိုပယ်ချထားပြီးသား...
ဖြူ့ကိုမှရွေးချယ်လိုက်တဲ့အဖြေကတော့ရှင်းနေပါပြီ...
လွန်ခဲ့တဲ့လေးနှစ်ကဖြစ်ရပ်မှန်တွေကိုသူသိပြီးလောက်ပြီ...
သူ့အပေါ်လှည့်စားရက်လေခြင်းလို့မုန်းတီးနာကျင်နေနိုင်သည်
လေးနှစ်ကြာပြီးမှဖြူ့ကိုကလဲ့စားချေဖို့သူရောက်လာတာပါဆိုလျှင်....

စာလည်းဒီစိတ် သွားလည်းဒီစိတ်နဲ့ အိပ်ယာ၀င်ခါနီးအထိအတွေးတွေကနှောင့်ယှက်နေသည်
ဖြူအိမ်ပြောင်းလိုက်ရင်ကောင်းမလား...
" ကျစ် မဖြစ်သေးပါဘူး...စိတ်အေးအေးထားစမ်းဖြူ သူနင့်ကိုဘာမှလုပ်လို့မရဘူး.."

ကြိတ်မိတ်ပြီး‌အိပ်ပစ်လိုက်ပေမယ့်အိမ်မက်ထဲမှာတောင်ကိုနက္ခတ်ကဖြူ့နောက်ကဒေါသတကြီးလိုက်လာလို့ထွက်ပြေးနေရသည်

🐚🍃🐚🍃

စိတ်တွေညစ်လွန်းလို့မနက်စောစောထပြီးတိုက်တန်းလျားနောက်ကပန်းခြံမှာပတ်ပြေးနေမိသည်

" ပြေးလှချည်လားကွ..ဘယ်လိုလဲ.."

" အမလေး!"

" ဟိတ်..'

အသံကဘေးချင်းကပ်ထွက်လာတော့လန့်သွားပြီးလှည့်ကြည့်မိတော့ပြေးတဲ့အရှိန်ပျက်ပြီးခြေခေါက်လဲသွား၏
ကိုစိုင်းကဖြူ့လက်တစ်ဖတ်ကိုလှမ်းဆွဲထားလို့သာလမ်းမပေါ်ပစ်မကျတာ...

" ခြေထောက်နာသွားပြီလား.."

' ဟင့်အင်း.."

" ဘယ်လိုဖြစ်လို့အဲ့လောက်လန့်နေတာလဲ..အတွေးလွန်နေတာလား.."

" မဟုတ်ပါဘူး...ဒါနဲ့ ကိုစိုင်း ပြန်ရောက်နေပြီလား.."

ဖြူ့လိုပဲသူကလည်းအားကစာ၀တ်စုံ၀တ်ထားတာမို့မေးလိုက်သည်

" မနေ့ညကကိုယ်ပြန်ရောက်တာ..ကိုယ်ကဟိုဘက်အခြမ်းမှာပြေးနေတာလေ..မင်းကိုလှမိးမြင်လိုက်လို့...
မင်းရော အင်တာဗျူးကအခြေနေကောင်းလား.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now