အခန်း(၁၇)

494 38 2
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၇)

🐚🍃🐚🍃

" စိတ်အေးအေးထားဖြူ.."
" ကြည့်ရတာ..သူ မင်းကိုsupriseလာလုပ်တာထင်တယ်..ဒီတိုင်းမသိချင်ယောင်ဆောင်ပြီးထွက်တွေ့လိုက်.."

ဖြူတို့စကားမဆုံးခင်ရှေ့တည့်တည့်ကဓာတ်လှေကား‌တံခါးပွင့်လာပြီးဘောင်းဘီအိတ်ထဲလက်တစ်ဖတ်ထည့်ထားသည့်စမတ်ကျကျပုံရိပ်တစ်ခုကပေါ်လာသည်

မဖြစ်မနေတက်ရသည့်ပွဲတွေမှမဟုတ်ရင်နက်ခ်တ်ိုင်နဲ့ကုတ်အင်္ကျီဘယ်တော့မှမ၀တ်တတ်သည့်
သူကဒီတစ်ကြိမ်မှာလည်းပေါ့ပေါ့ပါးပါးရှပ်အင်္ကျီကိုအပေါ်ကျယ်သီးနှစ်လုံးဖြုတ်ထားပြီးလက်ကောက်၀တ်ကျော်ရုံလေးအင်္ကျီလက်ခေါက်တင်ထားသည် ဘယ်နေရာကကြည့်ကြည့် ဘယ်သူနဲ့ရောနေနေထင်ရှားနေတတ်သည့်သူ့ပုံစံအတိုင်းဖြူ့ရှေ့ကိုလမ်းလျှောက်လာတာကိုဖြူလည်းမှင်သက်စွာငေးကြည့်နေမိသည်

ဖြူထိုင်နေတဲ့စားပွဲ‌ရဲ့ရှေ့မှာလာရပ်ပြီးစားပွဲ‌ခုံမှာလက်တစ်ဖတ်ထောက်၍နောက်လက်တစ်ဖတ်နဲ့ဖြူရဲ့မေးဖျားလေးကိုဆွဲမော့လိုက်သည်

" ကိုယ်လာတာမကြိုက်လို့ပြူးကြည့်နေတာလား.."

" ဟင်!..မဟုတ်ပါဘူး.."

မျက်တောင်တစ်ချက်နှစ်ချက်ခတ်၍ရုန်းထွက်ဖို့ပြင်တော့မေးဖျားလေးကိုဆွဲဖျစ်ထားပြီးနူတ်ခမ်းလေးကိုမွခနဲနမ်းလိုက်သည်

ဘေးမှာမမဧကရီရပ်နေတာမို့ဖြူရှက်သွား၏
မမကလည်းချက်ချင်းပဲအခန်းပြင်ထွက်သွားပေးသည် ဓာတ်လှေကားတောင်မသုံးတော့ဘဲဒီတိုင်းဘေးကအခန်းတံခါးဖွင့်ပြီးထွက်သွားပေးတာမို့ဖြူမျက်နှာပူသွား၏

" ကို ဘယ်လိုဖြစ်နေလဲ..သူများရှိနေတာကိုရှက်စရာကြီး.."

" သူကအလိုက်သိလို့ထွက်သွားပေးတာကျေးဇူးတင်လိုက်.."

" ဖယ်တော့..သွား.."

VIPဧည့်သည်တွေနဲ့သီးသန့်တွေ့ဆုံဖို့လုပ်ထားသည့်မှန်တစ်၀က်ကာထားသည့်အခန်းလေးထဲကိုခေါ်လာတော့ဖြူ့ပုခုံးကိုဖတ်ရင်းနဲ့လိုက်ပါလာသည်

ဆိုဖာပေါ်မှာထိုင်ချရင်းဖြူ့ကိုယ်လုံးလေးကိုဆွဲပွေ့၍သူ့ပေါင်ပေါ်တင်လိုက်တော့လန့်သွား၏

၀င်ကစွပ်ပုံပြင်Where stories live. Discover now