အခန်း(၁၅)

492 26 0
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၅)

🐚🍃🐚🍃

" ဒေါက်‌..ဒေါက်..

"ဖြူ အိပ်ပြီလား"

" မအိပ်သေးဘူးမမ..လာပြီ.."

တံခါးဖွင့်လိုက်တော့မမဧကရီကဖိုင်အထပ်လိုက်လေးကိုင်ထားပြီးအခန်းထဲ၀င်လာသည်

" ရော့..မအိပ်ခင်ဒါတွေဖတ်ထား..မနက်ကျရင်အစည်းအဝေးမှာပြောရမယ့်အကြောင်းအရာတွေ.."

" ဟုတ်ကဲ့.."

" တစ်ခါတည်းဖတ်လိုက်ပါလားဖြူ..နားမလည်တာရှိရင်လည်းတို့ကိုတစ်ခါတည်းမေးပေါ့"

" ဟုတ်ကဲ့..ဖြူဒီမှာရှိနေတဲ့နှစ်လအတွင်းအစည်းအဝေးလုပ်တာ လေး ငါး ခါလောက်ရှိနေပေမယ့်ဖြူရင်တုန်နေတုန်းပဲမမရယ်..၀န်ထမ်းတွေကတစ်ခုခုမေးလိုက်ရင်မမဆူးလိုမျိုးပြန်မဖြေနိုင်မှာကိုအရမ်းစိုးရိမ်တာပဲ.."

" မေးမှာမဟုတ်ဘူးစိတ်ချ..မေးခွန်းမေးလို့ရမယ့်အချက်အလက်တွေကိုတို့ဖြည့်ပေးထားတယ် သူ့အစီအစဉ်နဲ့သူပုံမှန်လည်ပတ်ပြီးလုပ်နေရုံပဲ..နောက်တစ်ခုကမမလေးဆူးရဲ့ဆုံးဖြတ်ချက်ဆိုရင်ဘယ်၀န်ထမ်းကမှအထွန့်မတက်ရဲဘူးလေ အဲ့ဒါကြောင့်မင်းကိုမေးခွန်းတွေပြန်မေးမှာမဟုတ်ဘူး ဖြူ့တာ၀န်ကမမလေးနဲ့သဏ္ဍာန်လုပ်သရုပ်တူဖို့ပဲ..."

ဖြူပြောရမယ့်အကြောင်းအရာတွေကိုမမဧကရီကအချက်အလက်လေးတွေနဲ့သေချာစီစဉ်ပေးထားတာမို့နားလည်လွယ်သည် မမဧကရီကအပင်ပန်းခံထားတာမို့ဖြုကသေချာကြိုးစားမှဖြစ်မည်
သေချာဖတ်ပြီးမှတ်သားနေရင်းအကြောင်းအရာတစ်ခုအရောက်မှာမျက်လုံးပြူးသွား၏

" မမဧကရီ..ဒါကဘာလဲ..လက်ကိုင်အိတ်ဒီဇိုင်းသစ်အတွက်တဲ့.."

" ဟင်..ပြစမ်းဖြူ.."

" ဒီမှာမမ.."

မမဧကရီလည်းစာရွက်ပြန်ဖတ်ကြည့်ပြီးအံ့သုသလိုဖြစ်သွား၏

" သွားပြီကွာ..တို့အကြီးကြီးမေ့နေတာဖြူရယ်"

" ဘာဖြစ်လို့လဲမမ.."

" မမလေးကလက်ကိုင်အိတ်ဒီဇိုင်းသစ်ဆွဲနေတာ..လွန်ခဲ့တဲ့နှစ်လလောက်ထဲကတို့ကိုပြောထားတာ .. ဒီတစ်ပတ်အစည်းအဝေးမှာအဲ့ဒီဇိုင်းသစ်အကြောင်းဆွေးနွေးပြီးနောက်လလဆန်းပိုင်းမှာထုတ်လုပ်ဖို့လေ..တို့အဲ့ဒါကိုလုံး၀မေ့နေတာ.."

၀င်ကစွပ်ပုံပြင်Where stories live. Discover now