အခန်း(၃၄)

742 41 2
                                    

၀င်ကစွပ်ပုံပြင်🍃
အခန်း(၃၄)

🍃🍃🍃🍃

" မမလေး..နိုးပြီလားရှင့်.."

အပြင်က‌ခေါ်သံကြားပေမယ့်ဖြူတမင်ပြန်မဖြေဘဲနေလိုက်သည်

" မမလေးနိုးပြီဆိုရင်ကိုယ်လက်သန့်စင်ပြီးအောက်ထပ်ကိုဆင်းခဲ့ပေးပါ သူဌေးကမနက်စာစားဖို့စောင့်နေပါတယ်..."

ဆင်းမလာဘဲနေရင်အထဲထိလိုက်ခေါ်ဦးမလားမသိ...
မနေ့ကဖြူကံမကောင်းလို့သူ့လက်မှာမိခဲ့တာ...
ဖြူကံကောင်းတဲ့အချိန်ဆိုတာလည်းရှိဦးမှာပဲ..
သူဖြူ့ကို၂၄နာရီစောင့်ကြည့်နေနိုင်တာမှမဟုတ်တာ...
သူ့လူတွေလည်းဖြူ့ကိုမျက်တောင်မခတ်တမ်းလိုက်မကြည့်နိုင်ဘူး
ဖြူအခွင့်အရေးရတဲ့တစ်နေ့ခုတစ်ခေါက်ထက်ပိုလျှင်မြန်အောင်လုပ်ပြီးပြေးရမယ်

ရေမိုးချိုး၍ဟန်မပျက်အောက်ဆင်းလာခဲ့သည်
ထမင်း၀ိုင်းထဲ၀င်လာတဲ့ဖြူ့ကိုသူကတစ်ချက်ပဲမျက်လွှာပင့်ကြည့်သည်

" ခုပဲငါလာခေါ်တော့မလို့..."

" ..... "

ဖြူဘာမှပြန်မဖြေဘဲမှောက်ထားတဲ့ခွက်လှန်၍
ကော်ဖီကရားလေးထဲက‌ေကာ်ဖီထည့်ပြီးတစ်ရှိန်ထိုးမော့သောက်လိုက်သည်

" ‌ဟိတ်...ဗိုက်ထဲမှာအစာမရှိဘဲကော်ဖီတန်း‌မသောက်ရဘူး..."

ဖြူသူ့ကိုစူးခနဲတစ်ချက်ကြည့်၍ပေါင်မုန့်ကြက်ဥကျော်ကိုခက်ရင်းနဲ့ဖဲ့ပြီးစားနေလိုက်သည်

" ကြည့်ရတာငါ့ကိုအတော်မကျေနပ်နေတဲ့ပုံပဲ..စကားတောင်မပြောနိုင်ရှာဘူး..."

ယောကျာ်းဖြစ်ပြီးရွဲ့တက်စောင်းတက်တာလည်းလွန်ရော..

ပေါင်မုန့်ကြက်ဥကျော်တစ်ပန်းကန်စားပြီးရေသောက်လိုက်သည်
" ရှင်းကိုပြန်ဖြေဖို့ဖြူပါးစပ်မအားဘူး..."

" မအားလည်းမဖြေနဲ့တော့..
ငါပြောတာပဲနားထောင်..မနက်ဖြန်ကျရင်ဆူးဒီကိုလာလိမ့်မယ်...မင်းသိချင်တာတွေသူအကုန်ပြောလိမ့်မယ်..မင်းမမေးလည်းသူဖြေရမယ့်အမှန်တရားကသက်သက်ရှိတယ်..."

မနက်စာကိုဇွန်း ခက်ရင်းဖြင့်သေသေသက်‌သက်စားသောက်နေသည့်မျက်နှာကိုဖြူတအံ့တဩကြည့်နေမိသည်

၀င်ကစွပ်ပုံပြင်Where stories live. Discover now