အခန်း(၁၈)

497 42 6
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၈)

🐚🍃🐚🍃

" စားပြီးရင်ကိုယ်နဲ့လိုက်ခဲ့.."

" ဟင်!'

ဖြူကအထိတ်တလန့်ဖြစ်သွားတော့
သူကနှဖူးလေးကိုလက်ညှိုးနဲ့တောက်ပစ်သည်

" ဘာတွေတွေးနေတာလဲကလေးမ..ကိုယ့်အခန်းကိုလိုက်ပြမလို့ခေါ်နေတာ..."

" အော်..အင်းပါ.."

ကိုနက္ခတ်ကပြုံးစိစိလုပ်နေတော့ဖြူရှက်လို့မျက်နှာလွှဲနေလိုက်သည်

နှစ်ယောက်တူတူမနက်စာစားပြီးနောက်သူခေါ်‌ရာနောက်ကိုဖြူလိုက်လာခဲ့သည်

" ဒါကကိုယ့်ရဲ့အခန်း.."

" အင်း.."
သူအခန်းကVVIP roomမှန်းသိပြီးသားမို့ထူးဆန်းဖွယ်ရာမရှိပါ...

" ဒီဘက်ကမင်းရဲ့အခန်း.."

"ကို  ဆူးအခန်းကရှိပြီးသား.."

" No"

သူကမျက်လုံးမှိတ်လျက်ခေါင်းခါပြပြီး
"မင်းဒီမှာပဲနေရမှာ...ကိုယ့်ဘေးကနေရာကမင်းအတွက်ပဲလေ..."

သူ့‌သဘောနဲ့ပဲဖြူ့ရဲ့အခန်းကိုသူနေသည့်VVIPအခန်းရဲ့ဘေးကပ်လျက်အခန်းကိုရွေ့လိုက်သည်
အခန်းတံခါးကိုဖွင့်လိုက်ပြီး..
" မင်းပစ္စည်းတွေအားလုံးကိုယ်ရွေ့ခိုင်းထားပြီးပြီ..ကိုယ်ကဟိုဘက်မှာနေတယ်.."

" အဲ့ဒါဆိုဆူးက၀န်ထမ်းတွေနဲ့ဝေးသွားမှာပေါ့.."

" ဘာတွေစ်ိုးရိမ်နေတာလဲကွာ သူတို့က ကလေးတွေမှမဟုတ်တာ..အတွင်းရေးမှူးလည်းပါနေတာပဲ..မင်းလိုက်ပြီးထိန်းပေးနေစရာမလိုပါဘူး.."

စိတ်မရှည်သလိုသူ့စကားသံကြောင့်ဖြူငြိမ်ငြိမ်လေးနေလိုက်ရသည်
သူကဖြူ့မေးဖျားလေးကိုမော့ယူသည်

" ပြင်ဆင်ပြီးရင်ကိုယ့်ကိုစောင့်နေနော်..တောင်
တက်ဖို့မင်းရဲ့တွဲဘက်ကကိုယ်ပဲ.."

🐚🍃🐚🍃

တောင်တက်မှာမို့sneakerပြောင်းစီး၍ဘောင်းဘီရှည်လဲ၀တ်လိုက်သည် အပေါ်ကcrop topအင်္ကျီကျပ်ကျပ်လေး၀တ်ထားသည့်မို့လက်ရှည်အပါးလေးတစ်ထည်ထပ်၀တ်လိုက်သည် ဆံပင်တွေကိုမြင့်မြင့်လေးတင်ထုံးပြီလည်တိုင်ကိုfreshဖြစ်သည့်ရေမွှေးတစ်ချက်ဖြန်းလိုက်တော့ပြင်ဆင်ခြင်းကပြီးဆုံးသွားခဲ့သည်

၀င်ကစွပ်ပုံပြင်Dove le storie prendono vita. Scoprilo ora